တစ်ပတ်အတွင်း ပူပြင်းနေဦးမှာပါ။

ဧပြီလ ၂၈ ရက်နေ့ နောက်ပိုင်းမှသာ မြန်မာနိုင်ငံမှာ မိုးရွာသွန်းမယ့် အခြေအနေရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သုံးသပ်ထားပါတယ်။

ဧပြီလ ၂၂ ရက်နေ့ကနေ ၂၈ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းအဖြစ်ကို ရောက်ရှိလာနိုင်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်း-ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ချဉ်းကပ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဧပြီလ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှုရှိဦးမှာ မဟုတ်ဘဲ ခြောက်သွေပူပြင်းနေနိုင်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

Photo - Tun Lwin FB

ဧပြီလ ၂၉ ရက်ကနေ မေလ ၅ ရက်နေ့အထိ ကာလအတွင်းမှာတော့ မုန်တိုင်းငယ်ဟာ ကမ်းကိုမဖြတ်ကျော်မီ အားလျော့သွားပြီး ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှိနိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်လာနိုင်ပါတယ်။ အဲ့ဒီအချိန် မေလဆန်းမှာတော့ မြန်မာတစ်နိုင်ငံလုံး မိုးရရှိနိုင်ပြီး အပူရှိန်မြင့်တက်မှုတွေလည်း လျော့နည်းကျဆင်း သွာဖွယ်ရှိတယ်လို့ ဦးထွန်းလွင်ကသူ့ရဲ့လူမှုကွန်ရက်ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။

လက်ရှိ အခြေအနေအရ မုတ်သုံလေဦးဟာ အီကွေတာအနီး တောင်ဖက်မှာရှိနေပြီး ဘင်္ဂလားပင်လယ်အော်မှာရော၊ တောင်တရုတ်ပင်လယ်ပြင်မှာရော မုန်တိုင်းများ အဖြစ်နည်းနေတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မြေလတ်ပိုင်းဒေသတွေနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးနည်းပြီး အပူချိန်တွေ မြင့်တက်နေပါတယ်။

Share

Loading Next Article...
က္က