မြို့နယ်ရုံးကအမိန့်အတွက်အယူခံဝင်ခဲ့တာပါ။

ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ရဲ့ အယူခံဝင်ထားမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။

Photo - မိုးအောင်ရင် FB

သရုပ်ဆောင်မိုးအောင်ရင်ဟာ ပုဇွန်တောင်မြို့နယ်တရားရုံးက မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တဲ့ အမိန့်နဲ့ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က ရာဇဝတ်အယူခံမှု အမှတ်-၁၈၁/၂၀၁၈နဲ့ အယူခံ လျှောက်ထားခဲ့ပါတယ်။

ပုဇွန်တောင်တရားရုံးက အမိန့်ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၅ နှစ်အတွက် အယူခံဝင်တာကို လက်ခံထားခဲ့တာဖြစ်ပြီး ထောင်ဒဏ်လျှော့ချခြင်း၊ မလျှော့ချခြင်းအတွက်ကို ပယ်ချလိုက်တာပါ။

ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၁၂ နှစ်အတွက် အယူခံဝင်ထားမှုကိုတော့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ မတ်လအတွင်း အမိန့်ချသွားမယ်လို့လည်း သိရပါတယ်။

မိုးအောင်ရင်ကို နိုဝင်ဘာ ၂၆ ရက်နေ့က ပုဇွန်တောင်မြို့နယ်တရားရုံးကနေ မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု ပုဒ်မ ၁၅၊ ၁၆ (ဂ) အရ အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံဖို့ အမိန့်ချထားခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉ (က) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။



က္က