လူ သုံးသောင်းကျော်လောက် ရေဘေးသင့်နေတာဖြစ်ပါတယ်။

ဇူလိုင်လအတွင်း မိုးကြီးရေလျှံမှုတွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ ရေဘေးသင့် အန္တရာယ် ကြုံတွေ့နေရကြောင်း သိရပါတယ်။

 

Photo - Myanmar Fire Services Dept

နေပြည်တော်၊ ကရင်၊မွန်၊ရခိုင်ပြည်နယ် ပဲခူး၊ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှ ရေကြီးနစ်မြှုပ်ကြောင့်  ပျက်စီးဆုံးရှုံးမှုတွေ၊ ရေဘေးသင့်ပြည်သူတွေ ပိုများလာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်ရှိ မြို့နယ်ခြောက်ခုမှာ လူတစ်သောင်းသုံးထောင်ကျော်၊ ဧရာဝတီတိုင်း ရှိ မြို့ ၃ မြို့မှာ လူ ၆၀၀၀ ကျော်၊ ပဲခူးတိုင်း မြို့ငါးမြို့မှာ လူ ၁ သောင်း လောက်နဲ့ မွန်ပြည်နယ် လူ ၃၀၀၀ ကျော်နဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ လူငါးရာ ရေဘေး ကြုံတွေ့နေရပြီး ကယ်ဆယ်ရေးစခန်း ၁၀၀ ကျော်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Photo - Myanmar Fire Services Dept

ဇူလိုင် ၂၇ ရက် ခန့်မှန်းချက်အရ သံလွင်မြစ်အပါအဝင် မြစ်လေးမြစ်မှာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေပြီးစစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက်ကို ၅ ပေခွဲခန့်၊  သံလွင်မြစ်ဟာ ဘားအံမြို့မှာ ၄ ပေခွဲခန့်၊ ပဲခူးမြစ်ဟာ ပဲခူးမြို့မှာ ၂ ပေခွဲခန့်၊ ရွှေကျင်မြစ်ဟာ ရွှေကျင်မြို့မှာ ၂ ပေခွဲခန့်အထိ မြင့်တတ်နေတယ်လို့ သိရပါတယ်။

အဆိုပါမြို့တွေအတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းတွေနေထိုင်သူတွေ ဘေးလွတ်ရာကို ရှောင်ရှားကြဖို့ အထူးသတိထားနေကြဖို့လည်း မိုးဇလက အကြံပြုထားပါတယ်။

လက်ရှိတော့ မွန်ပြည်နယ်ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမှာ ပိတ်ဆို့မှုတွေ ဖြစ်နေပြီး ယာဉ် ငါးရာကျော်နဲ့ အဝေးပြေးခရီးသွား ၁ သောင်းကျော်လောက် ပိတ်မိနေတာဖြစ်ပါတယ်။

  

Share

Loading Next Article...
က္က