ဓာတ်အားခွဲရုံ အချို့ ရေကြီးနစ်မြှုပ်နေပါတယ်။

သြဂုတ်လ ၇ ရက် ညနေပိုင်းက စပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရန်ကုန်တိုင်းအတွင်း နေရာအချို့မှာ ဓာတ်အားခွဲရုံအချို့ ရေကြီးနစ်မြုပ်မှု တွေ ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ပါတယ်။

Photo- YESC Call Center



ဒါကြောင့် လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ရေကြီးဝင်ရောက်နေတဲ့ ဓာတ်အားခွဲရုံတွေ ယာယီ ဓာတ်အားပိတ်ထားရပြီး ရွှေပြည်သာ၊လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ ဒဂုံမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တွေက နေရာအချို့မှာ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်နေတာဖြစ်ပါတယ်။

ရေကျတဲ့အချိန်မှာတော့ လျှပ်စစ်ဓာတ်အား ပြန်ပေးနိုင်ဖို့ အချိန်နဲ့ တပြေးညီဆောင်ရွက်နေတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းက ပြည်သူတွေကို အသိပေးထားပါတယ်။

Photo- YESC Cal Center

ဒီနေ့ သြဂုတ်လ ၇ ရက်မှာ ရန်ကုန်တိုင်း အတွင်း တစ်နေကုန် အဆတ်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြောက်ဥက္ကလာပမြို့နယ်၊ အင်းစိန်မြို့နယ်နဲ့ သာကေတမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလျှက်ရှိနေပါတယ်။

အိန္ဒိယနိုင်ငံကို ဗဟိုပြုနေတဲ့ မုန်တိုင်းငယ် (Depression ) ရဲ့ အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် ၊ နေပြည်တော်၊တနင်္သာရီနဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကြားမိုးကြီးခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က