အမှုပေါ်ပေါက်အောင်လုပ်ဖို့ ရဲတပ်ဖွဲ့ကို ပြောထားပါတယ်။
နေပြည်တော်က မူကြိုကျောင်းတစ်ခုမှာ ကလေးငယ်တစ်ယောက် အဓမ္မမှုကျူးလွန်ခံရတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးကဲတွေက အမှုကို မပေါ်ပေါ်အောင်ဖော် ဖို့ ရဲတပ်ဖွဲ့ကို မှာကြားထားတယ်လို့ သိရပါတယ်။


ဒီဖြစ်စဉ် ဖြစ်ပွားတာကို စတင်သိရှိရကတည်းက နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို “ဒီအမှု မပေါ် ပေါ်အောင် ဖော်ပါ” လို့ နှုတ်နဲ့ မှာကြားထားခဲ့တာ ဖြစ်တယ်လို့ သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့်ပြောကြားလိုက်ပါတယ်။



စဉ်ဆက်မပြတ်လည်း အမှုဖော်ထုတ်မှုရဲ့ တိုးတက်မှု အခြေအနေတွေကို မေးမြန်းပြီး အကြီးအကဲများထံ တင်ပြနေပြီး အမှု စစ်ဆေးဖော်ထုတ်မှု ကြန့်ကြာနေရခြင်းနဲ့ ပတ်သက်လို့လည်း အသေးစိတ်အထိ မေးမြန်းထားပြီး ဖြစ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းကြောင်းကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ဖို့ အချိန် အနည်းငယ် ပေးနေရဖြစ်တယ်လို့ဆိုပါတယ်။

ဒီကိစ္စဟာ လတ်တလော စစ်ဆေးဖော်ထုတ်ဆဲကိစ္စ ဖြစ်တဲ့အတွက် အသေးစိတ်ကို လောလောဆယ် ထုတ်ဖော် ပြောကြားနိုင်ခြင်း မပြုနိုင်သေးတာကို နားလည်သဘောပေါက်ပေးကြစေချင်တယ်လို့ဆိုပါတယ်။

အစိုးရ၊ ပုဂ္ဂလိက စာသင်ကျောင်းတွေမှာ ဒီလိုကိစ္စရပ်တွေ မဖြစ်ပေါ်အောင် ကြိုတင်ဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဖြစ်ပွားလာခဲ့ရင် ထိုက်သင့်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့လည်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို မှာကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒီအမှုကိစ္စနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ ခံစားချက်၊ လိုလားချက်၊ တောင်းဆိုချက်တွေကို ကောင်းစွာ သိရှိနားလည်ပါကြောင်း၊ ပြည်သူများနှင် ထပ်တူစွာပင် အမြန်ဆုံးဖော်နိုင်ရေး လိုလားပါကြောင်း၊ အမှုမှန် မြန်မြန်ပေါ်ပေါက်ပြီး အရေးယူနိုင်ဖို့ အချိန်တစ်ခုပေးပြီး စောင့်ဆိုင်းနေတာ ဖြစ်တယ်လို့ ဦးဇော်ဌေးကရေးသားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က