လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမှာပါ။

COVID ကာလအတွင်း မူကြိုကျောင်းများနဲ့ နေ့ကလေးထိန်းဌာနများအားလုံး ယာယီပိတ်ထားခြင်းကို ဇွန်လ(၁၅)ရက်နေ့ထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြေညာခဲ့ပါတယ်။ 

နိုင်ငံတော်အစိုးရက COVID -19 နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တချို့ကို ဇွန်လ(၁၅)ရက်နေ့ထိ တိုးမြှင့်သတ်မှတ်လိုက်တာကြောင့် မူကြိုကျောင်းတွေကိုလည်း ယာယီပိတ်ထားဖို့ကို ဇွန်လ(၁၅)ရက်နေ့ တိုးမြှင့်သတ်မှတ်လိုက်တာပါ။ မူကြိုကျောင်းများကို ပြန်လည်ဖွင့်လှစ်ရမည်ဆိုပါက ဖွင့်လှစ်ရမယ့် ရက်ကို ထပ်မံထုတ်ပြန်ကာ အသိပေးသွားမှာဖြစ်ပြီး သတ်မှတ်ရက်မတိုင်ခင် ဖွင့်လှစ်တဲ့ ကျောင်းတွေကိုတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။ 



အခြခံပညာကျောင်းတွေကိုတော့ ဇူလိုင်(၂၁)ရက်နေ့ကစပြီး အထက်တန်းအဆင့်တွေနေ စတင်ဖွင့်လှစ်မှာဖြစ်ပြီးတော့ အလယ်တန်းအဆင့် နဲ့ မူလတန်းတွေကိုလည်း တစ်ဆင့်ချင်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ မူလက COVID -19 နဲ့ ပတ်သက်ပြီး ညွှန်ကြားချက်တွေကို မေလ(၃၁)ရက်နေ့ ထိ ထုတ်ပြန်ထားခဲ့ရာ တစ်ချို့ ညွှန်ကြားချက်တွေကိုတော့ ဇွန်လ(၁၅)ရက်နေ့ တိုးမြှင့်လိုက်ပေမယ့် လုပ်ငန်းခွင်တွေမှာတော့ ဇွန်လ(၁)ရက်နေ့ကစပြီး အင်အားပြည့် ပုံမှန်တိုင်း ပြန်လည်လည်ပတ်လို့ ရပြီဖြစ်ပါတယ်။ 

မေလ(၁၆)ရက်နေ့စပြီး ပြည်တွင်းကူးစက်မှုမရှိတော့တဲ့အတွက် လတ်တလောရောဂါထိန်းချုပ်နိုင်တဲ့အခြေအနေမှာရှိနေတာကြောင့် တချို့စည်းကမ်းချက်တွေကို ဖြေလျော့ပေးခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၂၂၄)ဦးရှိပြီး ရောဂါကင်းစင်သူ (၁၃၀)ဦးရှိကာ သေဆုံးသူ(၆)ဦးရှိပါတယ်။




ဆက်စပ်အကြောင်းအရာများ



က္က