လက်ရှိမှာ မူကြိုကျောင်းတွေကို ဇူလိုင် ၃၁ ရက်အထိ ပိတ်ထားတာပါ။

အခြေခံပညာမူလတန်းအဆင့် အတန်းအားလုံးဖွင့်လှစ်ပြီးမှ အစိုးရနဲ့ ပုဂ္ဂလိက မူကြိုကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်မယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက Duwun ကိုပြောပါတယ်။

လက်ရှိမှာ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ မူလတန်းကြိုကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်းတွေ၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်းတွေနဲ့ နေ့ကလေးထိန်းကျောင်းတွေကို ဇူလိုင် ၃၁ ရက်အထိ ပိတ်ထားမှာဖြစ်ပြီး ပြန်ဖွင့်မယ့်ရက်ကို ကြိုတင်ကြေညာမယ်လို့လည်းဆိုပါတယ်။



“ ကိုဗစ်ကန့်သတ်ချက်အမိန့်အတိုင်းပဲ ဇူလိုင် ၃၁ ရက်အထိပဲ ကျွန်မတို့ မူကြိုကျောင်းတွေကို ဆက်ပိတ်ထားဦးမှာပါ။ ပညာရေးဝန်ကြီးဌာနက မူလတန်းကျောင်းတွေ ပြန်ဖွင့်ပြီးမှ မူကြိုကျောင်းပြန်ဖွင့်ပါမယ်။ မူလတန်းကျောင်းတွေ ဖွင့်ပြီးတဲ့အထိ ကျွန်မတို့ စောင့်ပါဦးမယ်” လို့ ဒေါ်စန်းစန်းအေးက ပြောပါတယ်။

Photo- NELC Facebook (ပုဂ္ဂလိကမူကြိုကျောင်းဖြစ်တဲ့ NELC ကျောင်းမှာ တက်ရောက်နေတဲ့မူကြိုကလေးများကိုတွေ့ရစဉ်)

အခြေခံပညာအထက်တန်းအဆင့်ကို ဇူလိုင် ၂၁ ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး အလယ်တန်းနဲ့ မူလတန်းတို့ကို သြဂုတ်လအတွင်းပြန်လည်ဖွင့်လှစ်သွားမယ်လို့လည်း ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီက ကိုဗစ်နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်၊ အမိန့်ကြေညာစာတွေကို ဇူလိုင်လ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ကြောင်း ကြေညာခဲ့ရာမှာ မူကြိုကျောင်းတွေကိုလည်း ဆက်လက်ပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အစိုးရ ၊ ပုဂ္ဂလိက နေ့ကလေးထိန်းကျောင်းနဲ့ မူကြိုကျောင်းတွေကို COVID-19 ရောဂါအခြေအနေကြောင့် မတ်လ ၁၆ ရက်ကတည်းပိတ်ထားခဲ့တာဖြစ်ပြီး အခုဆို ၄ လအထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က