လိမ္မော်ရောင်အဆင့်သတ်မှတ်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံကို ဦးတည်ရွေ့လျားမယ့် အခြေအနေရှိနေပြီး လိမ္မော်ရောင်အဆင့်သတ်မှတ်ထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၇ ရက် မနက် ၁၁ နာရီက ထုတ်ပြန်ပါတယ်။

Photo- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု



ုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီနေ့ ဇန်နဝါရီ ၇ ရက် မနက်ကနေ နောက် ၂ ရက် အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊မကွေးတိုင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်ဆိုပြီး ထုတ်ပြန်ထားတာပါ။

မုန်တိုင်းငယ် အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းတို့ ဖြစ်ပေါ်နိုင်တာကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ ကြိုတင်သတိပြုရှောင်ရှားကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမှာဖြစ်ကာ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါတယ်။

ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားလျော့ သွားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် မိုင်(၁၂၀)ခန့်၊ ဟိုင်းကြီးကျွန်း ရဲ့ အနောက်တောင်ဘက်(၂၄၅) မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့ရဲ့ အနောက်မြောက်ဘက် မိုင် (၇၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။

မုန်တိုင်းငယ်ဟာ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့ သွားနိုင်တယ်ဆိုပြီး မိုးဇလက ခန့်မှန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က