လူမှုကွန်ရက်မှာပြောဆိုနေသလို ပိုင်ရှင်မဲ့မဟုတ်ဘူးလို့ဇဝနအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Music Zone KTV ဟာ လူမှုကွန်ယက်မှာပြောဆိုနေသလို ပိုင်ရှင်မဲ့မဟုတ်ကြောင်း၊ ဆိုင်နဲ့ပတ်သက်တဲ့အထောက်အထား အကုန်ရှိတယ်လို့ ဇဝနရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

လက်ရှိမှာတော့ KTV ကို တရားစွဲဆိုဖို့မြို့နယ်ထွေအုပ်ကနေ ခရိုင်ထွေအုပ်ကို တင်ပြထားကြောင်း၊ အမိန့်ပြန်ကျလာမှသာ ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။



"လောလောဆယ် မြို့နယ်မေးကြည့်တော့ခရိုင်တင်ထားတယ်ပြောတယ်။ သူတို့ အမိန့်တစုံတစ်ရာမကျသေးဘဲ ဘာမှဆက်လုပ်လို့မရသေးဘူး။KTV က ပိုင်ရှင်မမဲ့ပါဘူး၊ လိုင်စင်ကရှိပြီးသားပါ၊ အကုန်လုံးအထောက်အထားတွေရှိပါတယ်၊ လိုင်စင်တွေနဲ့အကုန်ထုတ်ပေးထားတာရှိပါတယ်၊အထက်ကအမိန့်ကျရင် လုပ်မှာပါ"လို့ ဇဝနရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးလှသန်းကပြောပါတယ်။

Music Zone ဆိုင်ဟာ ကိုဗစ်ကာလ မှာ တားမြစ်ထားတဲ့  KTV ၊ Bar ဖွင့်လှစ် ခွင့်ပိတ်ထားမှုကို ချိုးဖောက်ခဲ့တဲ့အတွက် ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှုဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် သင်္ဃန်းမြို့နယ် ကိုဗစ် ကော်မတီ ကတော့ Music KTV ကို သဘာဘေးအန္တရာယ် စီမံ ခန့်ခွဲမှုဥပဒေအရ  တရားစွဲဆိုဖို့ ဆုံးဖြတ်ထားတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောဆိုထားပါတယ်။

"ပေတံလေးတစ်ချောင်း ခဲတံလေးတစ်ချောင်းမှာတောင် သူ့ပိုင်ရှင်ဆိုတာရှိပြီးသားပါ။ အဲ့လောက်ကြီးမားတဲ့ အဆောက်အဦ ကျော်ကြားတဲ့အဆောက်အဦကြီးဟာ ပိုင်ရှင်မဲ့ဆိုတာ ဘယ်သူကလက်ခံမှာလဲ ဖော်ထုတ်ခြင်း မဖော်ထုတ်ခြင်းဟာ ရဲတပ်ဖွဲ့တာဝန်သာဖြစ်တယ်။ ပိုင်ရှင်မဲ့ဆိုတာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ လိုင်းပေါ်မှာ ပြောနေကြတာ ကျွန်တော်လည်းတွေ့ပါတယ်" လို့ ဆိုပါတယ်။ Music Zone ဆိုင်ရဲ့ လူစုလူဝေးကြောင့် ကိုဗစ်၁၉ ရောဂါကူးစက်ပြန့်ပွားမှုအနေနဲ့ လူပေါင်း ၉၀ ကျော် တွေ့ရှိထားပြီး အားလုံးကို ဖောင်ကြီး ပို့ဆောင်ထားကြောင်း၊ ကျန်တဲ့ သူတွေကတော့ Negative အဖြထွက်တယ် လို့သိရပါတယ်။

အလွတ်တန်း သတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်သည်။

Share

Loading Next Article...
က္က