ကိုဗစ်-၁၉ကာကွယ်ရေးစည်းမျဉ်းတွေကို ဖောက်ဖျက်ကျုးလွန်တာကြောင့် တရားစွဲဖို့စီစဉ်ရတာလို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က Music Zone ကာရာအိုကေနဲ့ စားသောက်ဆိုင်ကို ယခုရက်ပိုင်းအတွင်းမှာတရားစွဲဆိုသွားဖို့ ရှိတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

Music Zone ကိုတရားစွဲဖို့ သင်္ဃန်းကျွန်းမြို့နယ်ကိုဗစ်ကော်မတီအစည်းအဝေးကဆုံးဖြတ်လိုက်တာဖြစ်ပြီး ဇဝနရပ်ကွက် အုပ်ချုပ်ရေးမှူးကနေတရားလိုပြုလုပ်တိုင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ "ပြဌာန်းထားတဲ့ ကိုဗစ်သတ်မှတ်ချက်တွေကိုဖောက်ဖျက်ကျူးလွန်တယ်၊ဒီနေရာမှာ လူပေါင်း ၁၁၉ ဦးရှိနေတယ်။စားပွဲအလုံး ၃၀ လောက်ရှိတဲ့စားသောက်ဆိုင်တွေဖွင့်ခွင့်ပိတ်ထားတာကိုလူပေါင်း ၁၁၉ ဦးရှိနေတယ်။အဲ့ထဲမှ Positive တွေ့တဲ့လူအများကြီးဖြစ်သွားတယ်။ဒါကြောင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရရောအရေးယူမှာဖြစ်ပါတယ်။အချက်အလက်တွေ ရယူပြီး ရက်ပိုင်းအတွင်းမှာပဲ တရားလိုဖြစ်သူနဲ့ရဲမှူးကဆက်လက်ဆောင်ရွက်ပါလိမ့်မယ်။"လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။



Music Zone ဆိုင်ရဲ့လူစုလူဝေးကနေ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုဟာ လူပေါင်း ၉၂ ဦးအထိရှိနေပြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာ ကူးစက်ခံရမှုအများဆုံးနေရာလည်းဖြစ်ပါတယ်။ဒါ့အပြင် ကိုဗစ်ကာလအတွင်း Music Zone ကိုလာရောက်ခဲ့တဲ့ သူတွေကိုလည်း CCTV မှတ်တမ်းနဲ့ ရှာဖွေနေတယ်လို့သိရပြီးလတ်တလောမှာတော့ ဆိုင်ကို Lock Down လုပ်ထားပါတယ်။

လက်ရှိရန်ကုန်တိုင်းမှာ ပိုးတွေ့လူနာအများဆုံးရှိနေတဲ့ မြို့နယ်က သင်္ဃန်းကျွန်းမြို့နယ်ဖြစ်နေပြီး လူနာ ၂၀၀ ကျော်အထိ ရှိနေတယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်)

Share

Loading Next Article...
က္က