လက်ရှိမှာ အန္တရာယ်ဇုန်အဖြစ်သတ်မှတ်ထားပါတယ်။

လက်ရှိအချိန်ထိ လူဦးရေ (၅၀)ကျော်ထိသေဆုံးနေပြီဖြစ်တဲ့ မုတ္တမမြို့က သဲဖြူကုန်းတောင်ကို ပညာရှင်တွေက ပညာရှင်တွေက ဒရုန်းနဲ့ ရိုက်ကူးတဲ့အခါမှာနောက်ထပ်မြေပြိုနိုင်တဲ့ အက်ကြောင်းတွေနဲ့ ရေဝပ်နေရာတွေကို တွေ့ရှိရတယ်လို့ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောပါတယ်။

photo - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (သဲဖြူကုန်းတောင်ပြိုမှု ကယ်ဆယ်ရေးဆောင်ရွက်နေမှု)

သြဂုတ်လ(၉)ရက်နေ့က မိုးကြီးပြီး မြေပြိုကျတဲ့ မွန်ပြည်နယ်၊မုတ္တမမြို့က သဲဖြူကုန်းတောင်ကို ပညာရှင်တွေက ဒရုန်းနဲ့ ရိုက်ကူးတဲ့အခါမှာ နောက်ထပ်မြေပြိုနိုင်တဲ့ အက်ကြောင်းနဲ့ ရေဝပ်တွေနေရာတွေရှိနေတဲ့ အတွက် မိုးကြီးရင်ထပ်ပြိုနိုင်တဲ့အနေအထားရှိတယ်လို့ သိရပါတယ်။

“ မိုးကြီးရင် တောင်ပေါ်က ရေဝပ်တဲ့နေရာတွေမှာ ရေကအိုင်ပြီးတော့ အက်ကြောင်းကနေ ပဲ့ကျလာနိုင်တယ်။ ကျောက်တုံးကြီးတွေလည်းဖြစ်နေတော့ စိုးရိမ်ရတယ်။အခုတွေ့ရှိချက်တွေကို ဒုသမ္မတကို တင်ပြထားပြီး ဒါကို ပြည်ထောင်စုအဆင့်က မြေပြင်တိုင်းထွာပြီးတော့ ပညာရှင်တွေနဲ့တိုင်ပင်ပြီး လုပ်သွားမယ်။ မပြိုခင် ဖြိုချမလား။ ပြိုမကျနိုင်အောင်ဘယ်လိုလုပ်မလဲဆိုတာတွေကို ခုပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေး ဆောင်ရွက်နေကြတယ်” လို့ သြဂုတ်လ(၁၂)ရက်နေ့က ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက Duwun ကိုပြောပါတယ်။

photo- မိကွန်ချမ်း- ပေါင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အခုမုတ္တမမှာ မိုးကလည်းအဆက်မပြတ်သည်းကြီးမည်းကြီး ရွာနေတော့ အဆိုပါနေရာကို အန္တရာယ်ဇုန်အဖြစ်သတ်မှတ်ထားတယ်လို့ ဒေါ်မိကွန်ချမ်းကပြောပါတယ်။ သဲဖြူကုန်းတောင်ဟာ သြဂုတ်လ(၉)ရက်နေ့က မြေပြိုမှုကြောင့် ဒီကနေ့ထိကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေရပြီး လက်ရှိမှာ သေဆုံးသူ (၅၇)ဦးနဲ့ အသက်ရှင်လျှက်ပြန်တွေ့သူ (၂၈)ဦးရှိတယ်လို့ သိရပါတယ်။ အိမ်တွေနဲ့ မြေတွေနဲ့ လုံးထွေးပြီး ပိကုန်တာကြောင့် အခုရှာဖွေကယ်ဆယ်ရေးလုပ်တဲ့အခါမှာ တချို့ကို တွေ့ပေမယ့် အောက်မှာပိနေတာတွေ၊ အုတ်နံရံကြားမှာ ညှပ်နေတာတွေရှိနေသေးတယ်၊ အဲ့ဒါတွေကို ကယ်ဆယ်ရေးလုပ်ရတဲ့အခါမှာ ခက်ခက်ခဲခဲနဲ့ လုပ်ဆောင်နေရတာတွေရှိတယ်လို့ ဒေါ်မိကွန်ချမ်းကပြောပါတယ်။ မုတ္တမမြို့ သဲဖြူကုန်းတောင်ပြိုကျမှုဟာ ဒီကနေ့ဆို (၄)ရက်မြောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ယနေ့ထိဆောင်ရွက်နေရဆဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က