Ei Ei Htun

မုတ္တမမြို့ သဲဖြူကုန်းတောင်ပြိုကျမှုကြောင့် လူအသေအပျောက်များပြီး လက်ရှိမှာ သေဆုံးသူ(၁၀)ဦးထိရှိကာ ကယ်ဆယ်ရေးဆောင်ရွက်နေဆဲဖြစ်တာကြောင့် စာရင်းအတိအကျ မသိရသေးဘူးလို့ ပေါင်မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးထွန်းမင်းအောင်က ပြောပါတယ်။


photo- Thura Chan Myae

မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမမြို့ သဲဖြူကုန်းတောင်ပြိုကျမှုမှာ လူ(၁၀)ဦးမနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။မိုးကြီးပြီး တောင်ပြိုကျမှုကြောင့် ကားလမ်းပိတ်လျှက်ရှိကာ ရေကြီးမှုကြောင့် ဖြတ်သန်းမရဘဲ စောင့်နေတဲ့ ကားများနဲ့ အနီးနားရှိနေအိမ်များ မြေပိခဲ့တာပါ။

“ စာရင်းတော့ အတိအကျမထွက်သေးဘူး။ အခုထိမြေအောက်ပိနေတဲ့ သူတွေကိုတူးဖော်ပြီးကယ်ဆယ်ရေးလုပ်နေတုန်း။ လက်ရှိမှာတော့ သေဆုံးသူ(၁၀)ဦးရှိနေပြီ။ စာရင်းအတိအကျကိုတော့ ကယ်ဆယ်ရေးလုပ်ငန်းအားလုံးပြီးမှ ညနေပိုင်းလောက်မှ သိရမယ်” လို့ ဖြစ်စဉ်အတွင်းမှာ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ပေါင်မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးထွန်းမင်းအောင်က Duwun ကိုပြောပါတယ်။

photo-Lucky Lucky Man( သံဖြူဇရပ်- ရေးအကြား ကားလမ်းပြတ်တောက်မှု)

လက်ရှိပေါင်မြို့နယ်အတွင်းမှာဆိုရင်လည်း ရေကြီးမှုတွေဖြစ်ပေါ်နေတာပါ။ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တော်တော်များများရေကြီးနေပြီး မြေပြိုမှုတွေ၊ ကားလမ်းဖြတ်တောက်မှုတွေရှိနေပြီး သွားလာရေးအခက်အခဲဖြစ်လျှက်ရှိနေပါတယ်။

photo-Myint Soe (သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်းပြတ်တောက်မှု)

နေရာအနှံ့ရေကြီးနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေတောင် လမ်းကြောင်းမနည်းရှာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်း သံဖြူဇရပ်- ရေးအကြား ကားလမ်းရေတိုက်စားမှုကြောင့်မော်တော်ယာဉ်များသွားလာမရဖြစ်နေပြီး၊ သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းမှာလည်း ကားလမ်းမ လုံးဝပြတ်တောက်သွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က