ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။
Ei Ei Htun

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေတဲ့အတွက်မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ မနက်ဖြန်မနက်ပိုင်းထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်ကြေညာထားပါတယ်။

photo- မိုးဇလ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေတဲ့အတွက် မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ သြဂုတ်လ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မနက်ဖြန်မနက်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာ ကွက်ကျားမိုးရွာနိုင်ပြီး နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သလို ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ကြေညာထားပါတယ်။

နောက်(၂)ရက်အတွင်းမှာလည်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနိုင်တယ်လို့သိရပါတယ်။ မနက်ဖြန် မနက်ပိုင်းအထိ နေပြည်တော်မှာ မိုးတစ်ကြိမ်ကနေ နှစ်ကြိမ် ထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်နှင့် အနီးတစ်ဝိုက်မှာတော့ မိုးအသင့်အတင့် ထစ်ချုန်းရွာနိုင်ပါတယ်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်မှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်ကြေညာထားပါတယ်။


က္က