တောင်ကုန်းဒေသတွေမှာ မြေပြိုမှုအန္တရာယ်သတိပြုဖို့ကိုလည်း မိုးဇလက အသိပေးထားပါတယ်။
Ei Ei Htun

ဇွန်လ (၁၆)ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း မုတ်သုံလေဝင်ရောက်မှု အားကောင်းလာမှုကြောင့် နေရာအနှံ့အပြားမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

လက်ရှိမှာတော့ မုတ်သုံလေအားနည်းနေခြင်းဖြစ်ပြီး အဆိုပါမုတ်သုံလေဟာ တနင်္သာရီကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းတို့မှာ တပြိုက်နက် အားကောင်းလာနိုင်ပြီး နောက် (၂)ရက်အတွင်းမှာ မိုးများလာနိုင်တယ်လို့ မိုးဇလညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကို ပြောပါတယ်။

“ အခုချိန်က မိုးဦးကျကာလလည်းဖြစ်သလို နောက်နှစ်ရက် အတွင်းမှာလည်း မုတ်သုံလေက ပိုပြီးအားကောင်းလာနိုင်ပါတယ်။ မုတ်သုံလေ အားကောင်းလာတဲ့ အတွက် ယခုထက်ပိုပြီး မြန်မာနိုင်ငံအနှံ့ မိုးများနိုင်သလို တနင်္သာရီ ၊ ရခိုင်နဲ့ မွန်ပြည်နယ်တို့မှာတော့ မုတ်သုံလေ အားပိုကောင်းလာနိုင်တဲ့ အနေအထားရှိနေတယ်”လို့ ဦးကျော်မိုးဦးကပြောပါတယ်။

မုတ်သုံလေ အားကောင်းလာချိန်မှာ ကမ်းရိုးတန်းဒေသတွေမှာ မိုးများနိုင်ပြီး မြစ်ငယ်ချောင်းတွေမှာလည်းရေကြီးမှု အန္တရာယ်သတိပြုဖို့ လိုသလို မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ကုန်းဒေသတွေမှာလည်း မြေပြိုမှုအန္တရာယ်သတိပြုဖို့ လိုတယ်လို့ ဦးကျော်မိုးဦးက သတိပေးပြောကြားပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ နေလယ် (၁)နာရီထုတ်ပြန်ချက်အရ နောက်(၂)ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာလည်း မိုးပိုနိုင်တယ်လို့ သိရပါတယ်။




က္က