မေလ ၁၈ရက်နောက်ပိုင်း ပထမဆုံးပြည်တွင်းကူးစက်မှု ဖြစ်ပါတယ်။
Kyaw Ko Ko Sint

မူဆယ်က ပြည်တွင်းကူးစက်မှုလို့ ယူဆနိုင်တဲ့ ကျန်းမာရေးဝန်ထမ်း ဆရာမနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၁၉ဦးကို ဆေးရုံမှာ ကွာရန်တင်းထားရှိထားပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးထားတယ်လို့ မူဆယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ဟန်နိုင်စိုးက Duwun ကိုပြောပါတယ်။

ဆေးရုံမှာ ကွာရန်တင်း ဝင်နေရသူက စုစုပေါင်း ၂၀ရှိပြီး ကျန်တစ်ဦးကတော့ လူနာအမှတ် ၂၃၀ဖြစ်တဲ့ တောင်ကြီး က လူနာနဲ့ထိတွေ့ခဲ့တဲ့ ကားဆရာလို့လည်းသိရပါတယ်။

“လူနာအမှတ် ၂၃၀နဲ့၂၃၁ နှစ်ဦးစလုံးနဲ့ထိတွေ့ခဲ့သူ စုစု‌ပေါင်း ၂၀မှာ တစ်ဦးကတော့ ၂၃၀ကိုလိုက်ပို့တဲ့ ကားဆရာ ပါ။ကျန်တာက ၂၃၁ရဲ့ ခင်ပွန်းအပါအဝင် မုံးပေါ်နဲ့မူဆယ်က အနီးကပ်ထိတွေ့ခဲ့သူတွေဖြစ်ပါတယ်။ ဓာတ်ခွဲနမူနာကို ဇွန် ၃ရက်နေ့ကယူခဲ့ပြီး ၄ရက်နေ့မှာ ရန်ကုန်ကို ပို့ဆောင်ထားပါတယ်။”လို့ မူဆယ်ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ဓာတ်ပုံ - Thaung Tun Facebook Page

လူနာအမှတ် ၂၃၁ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းက မေလ ၁၈ရက်နောက်ပိုင်း ပထမဆုံးပြည်တွင်းကူးစက်မှုလည်း ဖြစ်ပါတယ်။ လူနာနဲ့ထိတွေ့ခဲ့သူတွေရဲ့ ဓာတ်ခွဲအဖြေတွေကိုသိရမယ့် ရက်အတိအကျကိုတော့ မသိရသေးပေမယ့် ဒီကနေ့ ဇွန်လ ၆ရက်နေ့ ညနေပိုင်းလောက်မှာ သိရနိုင်တယ်လို့ ဂရုဏာလူမှုကူညီရေးအသင်း ပရဟိတအဖွဲ့ ဥက္ကဌ ဦးသောင်းထွန်းက Duwun ကိုပြောပါတယ်။

ဓာတ်ပုံ - Thaung Tun Facebook Page

မြန်မာနိုင်ငံကိုတော့ တရုတ်-မြန်မာနယ်စပ် မူဆယ်နန်းတော်ဂိတ်ကတဆင့် ပြန်ဝင်လာသူ ပြည်တော်ပြန်ဦးရေ ၅ သောင်းကျော် ၆သောင်းနီးပါးထိရှိနေပြီလို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က