ပြည်ပကပြန်လာတဲ့သူတွေကို ကျန်းမာရေးစစ်ဆေးတဲ့အဖွဲ့ထဲကဖြစ်ပါတယ်။
Mi Thawdar Aung

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်အရ လူနာနံပါတ် (၂၃၁) က မူဆယ်မှာနေထိုင်တဲ့ အသက်(၃၀)နှစ်အရွယ် အမျိုးသမီးလူနာက ပြည်ပကပြန်လာတဲ့သူတွေကို ကျန်းမာရေးစစ်ဆေးတဲ့ အဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

photo- Thaung Tun

“ သူက ကျန်းမာရေးဝန်ထမ်းပါ။ သူတာဝန်ထမ်းဆောင်နေတဲ့ ဆေးရုံကိုတော့ အတိအကျမသိရသေးဘူး။ ဒါပေမယ့် COVID စဖြစ်ခဲ့ကတည်းက ပြည်ပကပြန်လာတဲ့သူတွေကို ကျန်းမာရေး စစ်ဆေးတဲ့နေရာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတာပါ။ သူက အဓိကပြည်ပကပြန်လာတဲ့သူတွေဝင်လာတဲ့ နန်းတော်ပေါက်ဆိုတာရှိတယ်။ အဲဒီမှာ တာဝန်ထမ်းဆောင်နေတဲ့သူပါ” လို့ မူဆယ်မြို့နယ် ဒေသခံတစ်ဦးဖြစ်ပြီး မူဆယ်မြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူ ဦးစိုင်းထွန်းကိုကိုက Duwun ကိုပြောပါတယ်။

ဒီကနေ့ည ထပ်တိုးလူနာ (၄)ဦးမှာ (၃)ဦးက ပြည်ပကပြန်လာတဲ့သူတွေဖြစ်ပြီး အိန္ဒိယ၊ တရုတ်နဲ့ မလေးရှားက ပြန်လာသူများဖြစ်ပါတယ်။

လူနာနံပါတ် ၂၂၉ ဟာ အိန္ဒိယမှ ပြန်လာသူဖြစ်ပြီး ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံမှာ ကုသပေးမှာဖြစ်ကာ လူနာနံပါတ် ၂၃၀ ကို ရှမ်းပြည်နယ်ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံနဲ့ လူနာနံပါတ် ၂၃၂ ဖြစ်တဲ့ မလေးရှားက ပြန်လာသူကိုတော့ ဟားခါးပြည်သူ့ဆေးရုံမှာ ကုသပေးမယ်လို့ သိရပါတယ်။

မေလ(၁၆)ရက်နေ့ နောက်ပိုင်းက စပြီး ပြည်တွင်းကူးစက်မှုများ ရပ်တန့်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ ခရီးသွားရာဇဝင်မရှိတဲ့ ပြည်တွင်းကသူတစ််ဦး ကူးဆက်ခံရမှု စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


ဒီကနေ့ ဇွန်လ(၂)ရက်နေ့ ည (၈)နာရီထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ(၂၃၂)ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ(၁၄၃)ဦးရှိကာ သေဆုံးသူ (၆)ဦးရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က