ဖေဖော်ဝါရီ ၂၁ ရက်နေ့က ချင်းပြည်နယ်အစိုးရအဖွဲ့က အစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ်မှာပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးဝါးကိစ္စတွေမှာ မသိချင်ယောင်ဆောင်ပြီး မျက်နှာလွှဲထားတဲ့ကိစ္စတွေ၊မဖမ်းဘဲထားတာတွေ၊ အရေးယူရမယ့်ကိစ္စကို အရေးမယူဘဲထားတာတွေကိုတွေ့တယ်ဆိုရင် တိတိကျကျအရေးယူသွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၂၁ ရက်နေ့က ချင်းပြည်နယ်အစိုးရအဖွဲ့က အစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ်မှာပြောကြားခဲ့ပါတယ်။

ဓါတ်ပုံ-သမ္မတရုံး

မူးယစ်ဆေးဝါးတွေဖမ်းဆီးတဲ့ကိစ္စရပ်တွေမှာ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ အများကြီးရှိနေတယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။

“ မူးယစ်ဆေးကိစ္စတွေမှာ တချို့က မသိချင်ယောင်ဆောင်ပြီး မျက်နှာလွှဲထားတာတွေရှိပါတယ်။ ဖမ်းဆီးရမှာကို မဖမ်းဆီးဘဲထားတာ၊ အရေးယူရမှာကို အရေးမယူဘဲထားတာတွေတွေ့ရင် တိတိကျကျ အရေးယူသွားမယ် ” လို့ပြောကြားခဲ့တာပါ။

မူးယစ်ဆေးဝါးနဲ့အလားတူ တရားစီရင်နဲ့ပါတ်သတ်ပြီးပြောကြားခဲ့တာဖြစ်ပြီးတော့ တရားစီရင်ရေးကိုပြန်လည်တည့်မှာဖြစ်ပြီး၊တရားဥပဒေစိုးမိုးမှုရှိမှ ဒီမိုကရေစီတည်တံ့ခိုင်မြဲမှာဖြစ်ပြီး တရားဥပဒေရဲ့အရိပ်အာဝါသကို နိုင်ငံသူ၊နိုင်ငံသားတိုင်းခံစားရမှာဖြစ်ကြောင်း ဒီမိုကရေစီအခွင့်အရေး၊လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေက ချိတ်ဆက်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့တာပါ။

ပြည်ထဲရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးတော့ နိုင်ငံတော်သမ္မက ၂၀၁၈ ခုနှစ်ဇွန်လမှာ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနကို ဖွင့်လှစ်ခဲ့တာဖြစ်ပီးတော့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က သီးခြားရရှိတဲ့ မူူးယစ်ဆေးဝါးသတင်းတွေအပေါ်အရေးယူတာ၊နယ်စပ်ဂိတ်တွေမှာစစ်ဆေးတာ၊ နယ်မြေရှင်းလင်းတာ၊ မော်တော်ယာဉ်တွေစစ်တာ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအထူးစိစစ်တာတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

အဆိုပါဌာနကနေ နောက်ဆုံးအကြိမ်မူးယစ်ဆေးဝါးတိုင်ကြားချက်တွေနဲ့ပါတ်သတ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ဖမ်းဆီးရမိမှုတွေကို နိုင်ငံတော်သမ္မတရုံးစာမျက်နှာကနေ ကြေညာထားတာကို တွေ့ရပါတယ်။

မူးယစ်ဆေးဝါးတွေကို ပိုဖမ်းဆီးရနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရတွေကို တိုင်ကြားနိုင်တဲ့အပြင် ထူးခြားတဲ့ကိစ္စတွေနဲ့ မူးယစ်ရောင်းဝယ်မှုတွေကို သမ္မတရုံးရဲ့ တိုင်ကြားရေးဌာန ဖုန်း ၀၆၇-၅၉၀၂၀၀၊ အီးမေးလ် -antinarcotics @presidentoffice.gov.mm ကိုတိုင်ကြားဖို့ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

NLD အစိုးရသက်တမ်းမှာဒုတိယမြောက်သမ္မတအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သမ္မတအဖြစ် တာဝန်ယူစဉ်ပြောကြားခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လ၃၀ ရက်နေ့ မိန့်ခွန်းမှာ မူးယစ်ဆေးဝါး၊တရားဥပဒေစိုးမိုုးရေးနဲ့ ဒီမိုကရေစီအပါအဝင် အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ လုပ်ဆောင်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 



က္က