၂၀၁၇ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် ဖမ်းဆီးမှုပိုများခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ရန်ကုန်တိုင်းအတွင်း မူးယစ်ဆေးဝါးအမှု အရင်နှစ်ကထက် ၈၀၀ နီးပါး တိုးမြှင့်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၁၈ ခုနှစ်မှာ ၁၉၆၅ မှု ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၁၁၈၉ မှု ဖမ်းဆီးနိုင်ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်ထက် ၇၇၆ မှု တိုးမြှင့်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ကြိုတင်ကာကွယ်မှု ပေါင်း ၁၀ မှုရှိခဲ့ပြီး လက်နက်ပုန်း၊ လောင်းကစား၊ပြည့်တန်ဆာ၊ ကျင့် ၅၄၊ ယစ်မျိုး၊ရဲအက်၊ခြေချုပ်၊ မူးယစ်ဆေးဝါး၊ ဆင်ဆာမဲ့ဗီဒီယိုနဲ့ မော်တော်ယာဉ်တွေကို ကြိုတင်ဖမ်းဆီးအရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်။ ပြည့်တန်ဆာမှုမှာ ၂၀၁၈ ခုနှစ်အတွင်း ၂၇၁ မှု သာဖမ်းဆီးခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၅၇၇ မှု ဖမ်းဆီးနိုင်ခဲ့လို့ ယခင်နှစ်ကထက် ဖမ်းဆီးနိုင်မှု ၃၀၆ မှု လျော့သွားခဲ့တယ်လို့ လည်းသိရပါတယ်။

ယစ်မျိုးမှုမှာ ၂၀၁၈ ခုနှစ်မှာ ၁၁၁၇ မှု ဖမ်းဆီးခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၁၈၄၉ မှု ဖမ်းဆီးနိုင်ခဲ့တာကြောင့် ယခင်နှစ်ကထက် ဖမ်းဆီးမှု ၇၃၂ မှုလျော့သွားခဲ့ပါတယ်။ လောင်းကစားမှုမှာ ၂၀၁၇ ခုနှစ်အတွင်း ၁၀၀၉ မှု ဖမ်းဆီးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၉၇၂မှု၊ လက်နက်ပုန်းမှုမှာ ၂၀၁၇ ခုနှစ်မှာ ၁၅၅၄မှု၊ ၂၀၁၈ ခုနှစ်မှာ ၁၅၇၇ မှုဖမ်းဆီးခဲ့ပြီး ကျင့် ၅၄ မှုမှာ ၂၀၁၇ ခုနှစ်မှာ ၄၆၃၇ မှု၊ ၂၀၁၈ ခုနှစ်မှာ ၅၀၀၃ မှု၊ ရဲအက်မှုမှာ ၂၀၁၇ ခုနှစ်အတွင်း ၁၃၀၆၄ မှု၊ ၂၀၁၈ ခုနှစ်မှာ ၁၄၈၂၄မှု၊ ခြေချုပ်မှုမှာ ၂၀၁၇ ခုနှစ်မှာ ၁၅၈၇မှု၊ ၂၀၁၈ ခုနှစ်မှာ ၁၄၁၀ မှု၊ ဆင်ဆာမဲ့ဗီဒီယိုဖမ်းဆီးမှုမှာ ၂၀၁၈ ခုနှစ်အတွင်း ၁၅၂ မှု၊ ၂၀၁၈ ခုနှစ်မှာ ၅၉ မှုနဲ့ မော်တော်ယာဉ် ဖမ်းဆီးမှုမှာ ၂၀၁၇ ခုနှစ်မှာ ၂၆၉၀၆ မှု၊ ၂၀၁၈ ခုနှစ်မှာ ၂၀၁၀၈ မှု ကြိုတင်ဖမ်းဆီးမှုတွေလုပ်ခဲ့တယ်ဆိုပြီး တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ကြိုတင်ကာကွယ်မှုပေါင်း ၄၇၃၀၆ မှု ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၅၂၅၂၄ မှု ဖမ်းဆီးနိုင်ခဲ့တာကြောင့် အရင်နှစ်ကထက် ကြိုတင်ကာကွယ်မှု ၅၂၁၈ မှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။



က္က