ဒို့အိမ်အဖွဲ့က ဦးစီးဆောင်ရွက်နေတာပါ။

ယာဉ်ကြောကြပ်တည်းမှုတွေနဲ့ ရှုပ်ထွေးတဲ့ ရန်ကုန်မြို့မှာ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးအရဖြစ်စေ၊ဝါသနာအရဖြစ်စေ၊ လွယ်လင့်တကူသွားလာလို့ရနိုင်မယ့် စက်ဘီးစီးလို့ရနိုင်တဲ့လမ်းတွေဖြစ်ပေါ်လာအောင် ဒို့အိမ်ကနေ အစီအစဉ်တစ်ခုအနေနဲ့ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်း စက်ဘီးစီးလို့ရမယ့် လမ်းတွေကို ၂၀၂၀ခုနှစ်မှာ ရန်ကုန်တစ်မြို့လုံးမဆောင်ရွက်နိုင်ရင်တောင်မှ စက်ဘီးစီးလို့ save ဖြစ်နိုင်မယ့်နေရာတစ်နေရာမှာဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီအစီအစဉ်ကို ရန်ကုန်မြို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွေကို တစ်ဖက်တစ်လမ်းကပါဝင်ဆောင်ရွက်နေတဲ့ ဒို့အိမ်အဖွဲ့အစည်းနဲ့ တာဝန်ရှိသူတွေပူးပေါင်းဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

“ ရန်ကုန်မှာကအခုဆိုရင် ယာဉ်ကြောကြပ်တည်းမှုတွေက ပိုဆိုးလာတယ်ပေါ့နော်။ အခုလိုယာဉ်ကြောကြပ်တည်းမှုတွေကိုလည်း ဖြေလျော့နိုင်အောင် ပြည်သူလူထုအနေနဲ့ လွယ်လင့်တကူ စက်ဘီးနဲ့သွားလို့ရနိုင်မယ့်နေရာတွေကို စက်ဘီးနဲ့သွားလို့ရအောင် ဒီအစီအစဉ်ကိုအကောင်အထည်ဖော်ဆောင်ရွက်တာပါ။ အခုလိုမြို့ပြနေရာမှာ စက်ဘီးစီးလို့ရနိုင်မယ့်လမ်းတွေလုပ်ဖို့ဆိုတာ တော်တော်လေးတော့အခက်အခဲတွေရှိတယ်။ အခုဆိုရင်လည်း ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေလုပ်တယ်။ ဒီပွဲတွေကနေရလာတဲ့ရလဒ်တွေကိုမူတည်ပြီး အကောင်းဆုံးဖြစ်အောင်တော့ဆောင်ရွက်သွားမှာပါ။ ဘယ်ချိန်ဖြစ်လာမလဲဆိုတာတော့အတိအကျပြောလို့မရသေးဘူး။ ၂၀၂၀ခုနှစ်လောက်မှာတော့ စက်ဘီးစီးလို့ save ဖြစ်နိုင်မယ့်နေရာတစ်နေရာမှာဆောင်ရွက်နိုင်မှာပါ” လို့ ဒို့အိမ်မှမီဒီယာတာဝန်ခံ မအေးမြတ်သူက Duwun ကိုပြောပါတယ်။

ရန်ကုန်ရဲ့သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ မော်တော်ယာဉ်တွေနဲ့သာ ယာဉ်ကြောကြပ်တည်းမှုတွေဖြစ်ပေါ်လျှက်ရှိနေပြီး အခုလိုရှုပ်ထွေးကြပ်တည်းလှတဲ့ ရန်ကုန်မြို့မှာ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးအရဖြစ်စေ၊ဝါသနာအရဖြစ်စေ၊ လွယ်လင့်တကူသွားလာလို့ရနိုင်မယ့် စက်ဘီးစီးလို့ရနိုင်တဲ့လမ်းတွေဖြစ်ပေါ်လာအောင် ဒို့အိမ်ကနေ အစီအစဉ်တစ်ခုအနေနဲ့ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ စက်ဘီးစီးလို့ရနိုင်မယ့် လမ်းတွေဖြစ်ပေါ်လာအောင်စီစဉ်ဆောင်ရွက်နေပေမယ့်လည်း လက်ရှိမှာတော့ ပြည်သူလူထုအနေနဲ့က စက်ဘီးစီးခြင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုတွေအားနည်းနေတယ်လို့ သိရပါတယ်။



က္က