မေလ ၄ ရက်နေ ဇွန်လ ၁၂ ရက် အထိ တစ်လကျော်ကာလအတွင်း Mask မတပ်လို့ အရေးယူခံရသူ ၃၈၁၇ ဦးရှိပါတယ်။

ရန်ကုန်တိုင်းမှာ ညမထွက်ရ အမိန့် ချိုးဖောက်သူနဲ့Mask မတပ်သူတွေကို အရေးယူမှုတို့ဟာ အရင်ကထက် ၉၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားတယ်လို့ ရန်ကုန်တိုင်း မှုခင်းစာရင်းဌာန အချက်အလက်တွေအရသိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းနဲ့ မေလအတွင်းမှာ ညမထွက်ရ အမိန့်ချိူးဖောက်သူ တစ်နေ့ကို အမှု ၂၀ လောက်ရှိခဲ့ရာမှာ အခု ဇွန်လအတွင်းမှာ တစ်နေ့ကို တစ်မှု၊ နှစ်မှုလောက်ပဲရှိတော့တယ်လို့ ရန်ကုန်တိုင်းမှုခင်းစာရင်းဌာန ဒုရဲမှူး ဝင်းခိုင်က Duwun ကိုပြောပါတယ်။



မေလ ၁၃ ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် Mask Campaign ပြုလုပ်နေကြစဉ်။

ဒါ့အပြင် Mask မတပ်သူတွေကိုအရေးယူမှုမှာလည် းပြီးခဲ့တဲ့ မေလအတွင်းမှာဆိုရင် တစ်နေ့ကို Mask မတပ်သူ တစ်ရာနီးပါးခန့် အရေးယူခဲ့ရာမှာ အခုတော့ တစ်နေ့ကို ဆယ်ဦးခန့်သာရှိတော့တယ်လို့ ဆိုပါတယ်။ 

'' အခုဆို ညမထွက်ရအမှုက တစ်နေ့တစ်မှုလောက်ပဲ ရှိတယ်။ အရင်ကဆို တစ်နေ့ကို အမှု ၂၀ လောက်ရှိပါတယ်။ အရင်က Mask မတပ်တဲ့ အမှုကလည်း တစ်နေ့ကို တစ်ရာနီးပါးလောက်ရှိပါတယ်။ အခုတော့ တစ်နေ့ကို ဆယ်မှုလောက်ပဲရှိတော့တယ်'' လို့ ရန်ကုန်တိုင်းမှုခင်းစာရင်းဌာန ဒုရဲမှူး ဝင်းခိုင်က Duwun ကိုပြောပါတယ်။

မေလ ၁၃ ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် Mask Campaign ပြုလုပ်နေကြစဉ်။

ရန်ကုန်တိုင်းအတွင်း မေလ ၄ ရက်နေ ဇွန်လ ၁၂ ရက် အထိ တစ်လကျော်ကာလအတွင်း Mask မတပ်လို့ အရေးယူခံရသူ ၃၈၁၇ ဦး ရှိပြီး သူတို့ကို သဘာဝဘေး အန္တရာယ်တားဆီးကာကွယ်ရေးဥပဒေပုဒ်မနဲ့ ဒဏ်ငွေ ရိုက်အရေးယူခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဧပြီလ ၂၃ ရက်ကနေ ဇွန်လ ၁၂ ရက်နေ့အထိ ညမထွက်ရအမိန့်ချိူးဖောက်မှု ၁၇၂၄ မှုရှိခဲ့ပြီး အမိန့်ချိူးဖောက်သူ ၅၃၈ ဦးကိုတော့ ပုဒ်မ ၁၈၈ နဲ့ ထောင်ဒဏ် တစ်လ ချမှတ်ခဲ့တယ်လို့လည်းသိရပါတယ်။ 

အများဆုံး ဖမ်းဆီးမိခဲ့တဲ့မြို့နယ်တွေကတော့ သန်လျင် မြို့နယ်၊ တွံတေး၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ မှော်ဘီနဲ့ တိုက်ကြီးမြို့နယ်တို့ဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က