ကွာရန်တင်းစရိတ်နဲ့ ဓာတ်ခွဲစစ်ဆေးစရိတ်အပါ တစ်ဦးကို ငါးသောင်းကျပ်ပေးဆောင်ရမှာပါ။

ကိုဗစ်ကာလအတွင်း မွန်ပြည်နယ်ကို ရခိုင်နဲ့ ရန်ကုန်ကလာတဲ့သူတွေအနေနဲ့ မဖြစ်မနေကွာရန်တင်းဝင်ရောက်ရမှာဖြစ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က ညွန်ကြားလိုက်ပြီး ကွာရန်တင်းဝင်ရောက်စဉ်ကာလအတွင်း နေထိုင်စားသောက်စရိတ်နဲ့ swab နမူနာရယူစစ်ဆေးခအပါအဝင် တစ်ဦးကို (၅၀,၀၀၀)ကျပ်ကို မိမိစရိတ်ဖြင့် ကျခံရမှာလည်းဖြစ်ပါတယ်။ 

“ ဒီညွှန်ကြားချက်ကို မနေ့ကစပြီးထုတ်ပြန်ခဲ့တာပါ။ ဂိတ်အဝင်တွေမှာ ကျွန်တော်တို့စစ်ပါတယ်။ ရခိုင်နဲ့ ရန်ကုန်ကလာတဲ့သူတွေကတော့ ကွာရန်တင်းဝင်ရတယ်။ ထုတ်ပြန်ထားတဲ့အတိုင်း နေထိုင်စားသောက်ရေးနဲ့ swab နမူနာရယူစစ်ဆေးခအပါအဝင် တစ်ဦးကို ငါးသောင်းကျပ် ကို ကွာရန်တင်းဝင်တဲ့သူဘက်က ကျခံရမှာပါ။ ကွာရန်တင်းဝင်ရမယ့်ရက်နဲ့ ဓာတ်ခွဲစစ်ဆေးမှုအပိုင်းတွေကို ကျန်းမာရေးဘက်ကညွှန်ကြားချက်တွေအတိုင်းလုပ်မှာပါ” လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက Duwun ကိုပြောပါတယ်။ 



ရောဂါကူးစက်မှု ပျံ့နှံ့နေတဲ့ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အားလုံးနဲ့ ရန်ကုန်တိုင်းအတွင်း မြို့နယ်အားလုံးကနေ မွန်ပြည်နယ်ကို လာရောက်သူတွေအနေနဲ့ ကွာရန်တင်းဝင်ရောက်ရမယ်ဆိုတာကို မွန်ပြည်နယ်အစိုးရက စက်တင်ဘာလ(၇)ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။ ဒီညွှန်ကြားချက်ဟာ မနေ့က စက်တင်ဘာ (၇) ရက်ကစတင်အကျုံးဝင်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ နှစ်ရက်အတွင်း ရခိုင်နဲ့ ရန်ကုန်ကလာပြီး ကွာရန်တင်းဝင်နေသူ (၁၀၀)ကျော်ရှိတယ်လို့ ဦးမြင့်သန်းဝင်းက ပြောပါတယ်။ 

မွန်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအနေနဲ့ မြို့ဝင်ဂိတ်တွေမှာ အဝင်အထွက်စစ်ဆေးရေးတွေကို ကားလမ်းအဝင်လမ်းတွေအပါအဝင် ရထားဂိတ်တွေမှာ စစ်ဆေးလျှက်ရှိတယ်လို့ သိရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ ဒီကနေ့ စက်တင်ဘာလ (၈)ရက်နေ့ မနက်ပိုင်းအထိ ပိုးတွေလူနာက (၁၈)ဦးတွေ့ရှိထားတာ ဖြစ်ပါတယ်။


Share

Loading Next Article...
က္က