Mask မတပ်ဘဲ အပြင်သွားလာသူတွေကို ဇွန်လ ၁ ရက်ကနေ ၇ ရက်အတွင်း အသိပညာပေးတာတွေ ပြုလုပ်ခဲ့ပြီးနောက် အရေးယူမှုတွေ စတင်ခဲ့တာပါ။
Mi Thawdar Aung

မွန်ပြည်နယ်မှာ နှာခေါင်းစည်းမတပ်သူတွေကို ဒဏ်ငွေရိုက်နေရာ ဇွန်လ ၈ ရက်ကနေ ၁၇ ရက်အထိ ဒဏ်ကြေးငွေ သိန်း ၁၀၀ နီးပါးရရှိခဲ့တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးထံကနေ သိရပါတယ်။

လမ်းဆုံ၊လမ်းခွ လူစည်ကားရာနေရာတွေမှာ သက်ဆိုင်ရာအဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေက နှာခေါင်းစည်းစနစ်တကျတပ်ဆင်ခြင်းမရှိဘဲ အပြင်သွားလာတဲ့သူတွေ တွေ့ရှိပါက တစ်ဦးလျှင် ဒဏ်ငွေ ၃၀၀၀ ကောက်ခံကာ ပြန်လည်အသုံးပြုလို့ရတဲ့ Mask နှစ်ခုစီ ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

Photo- Zin Moe (Mask မတပ်ဘဲ အပြင်သွားလာသူများကို Mask များပေးဝေးနေစဉ်) 

 “ ကျွန်တော်တို့က ဒီဒဏ်ကြေးငွေတွေကို အစိုးရဘဏ္ဍာရံပုံငွေထဲကို ထည့်သွင်းမယ်။ ပြီးရင် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ သုံးစွဲသွားမယ်။ “ လို့မွန်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက Duwun ကိုပြောပါတယ်။ 

Mask မပါဘဲ အပြင်သွားလာသူတွေကိုတော့ ပထမတစ်ကြိမ်နဲ့ ဒုတိယအကြိမ်မှာ ဒဏ်ကြေးငွေ ၃၀၀၀ ကောက်ခံကာ သတိပေးတာတွေ ပြုလုပ်မှာဖြစ်ပြီး တတိယအကြိမ်အထိ လိုက်နာမှုမရှိခဲ့ရင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ဆိုပါတယ်။

မွန်ပြည်နယ်ရှိ မြို့နယ် (၁၀) မြို့နယ်မှာတော့ ဇွန်လ ၈ ရက်ကနေ ၁၇ ရက်အနေ့အထိ ဆယ်ရက်အတွင်း Mask မတပ်ဘဲ အပြင်သွားလာခဲ့သူ ၃၀၀၀ ကျော်ကို ဒဏ်ကြေးငွေ ကောက်ခံခဲ့တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးကနေသိရပါတယ်။ မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ Mask မတပ်ဘဲ အပြင်သွားလာသူတွေကို ဇွန်လ ၁ ရက်ကနေ ၇ ရက်အတွင်း အသိပညာပေးတာတွေ ပြုလုပ်ခဲ့ပြီးနောက် ဇွန်လ ၈ ရက်မှာ စတင်အရေးယူမှုတွေ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က