မြဝတီနယ်စပ်က ပြန်ဝင်လာသူ စုစုပေါင်း ၃၃၀၀၀ကျော််််မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိထားသူ ၂၆ဦးရှိပါတယ်။
Kyaw Ko Ko Sint

မြဝတီဘက်ခြမ်းမှာ သတ်မှတ်ဂိတ်ဖြစ်တဲ့ ခရီးသည်တင်ယာဉ်ရပ်နားစခန်းက ပြန်ဝင်မလာဘဲ ကုန်ကားဝင်းဘက် ခြမ်းကနေ ပြန်ဝင်လာတာလို့သိရပါတယ်။

ဇွန်လ ၂၂ရက်နေ့တုန်းက မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားကတဆင့် ပြန်လာသူတွေမှာ သတ်မှတ် ဂိတ်ကမဟုတ်ဘဲ ပြန်ဝင်လာသူတစ်ဦးရှိတယ်လို့သိရပါတယ်။

ထိုင်းဘက်အခြမ်းကနေ မြန်မာနိုင်ငံကို ကိုဗစ်ကာလအတွင်း ပြန်ဝင်လာသူတွေကို မြဝတီနယ်စပ်ကတဆင့် ပြန်လည် လက်ခံပေးလျက်ရှိပေမယ့် သတ်မှတ် ဂိတ်မဟုတ်ပဲ ပြန်ဝင်လာသူနဲ့ ပြန်ဝင်လာဖို့ အကူအညီပေးသူတွေကိုတော့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ ‌ထောင်ဒဏ် ၄လစီချမှတ်လိုက်ပြီလို့ မြဝတီခရိုင်အုပ်ချုပ် ရေးမှူး ဦးတေဇာအောင်က Duwunကိုပြောပါတယ်။

“ကျွန်တော်ဖို့ဆီမှာ ထိုင်းပြန်တွေကို ခရီးသည်တင်ဘတ်စ်ကားတွေ ရပ်တဲ့ဘက်အခြမ်းကနေ ပြန်လည်လက်ခံပေးနေ ပါတယ်။တစ်ဖက်မှာတော့ ကုန်ကားတွေ ရပ်နားစခန်းရှိပါတယ်။အခုဝင်လာတဲ့သူက ၆ဘီးကုန်တင်ယာဉ်နောက် လိုက်အဖြစ်နဲ့ ကုန်တင်ဝင်းဖက်ကနေ ဝင်လာတာဖြစ်ပြီး စစ်ဆေးတွေ့ရှိခဲ့လို့ ကားမောင်းပို့သူရော ၂ဦးစလုံးကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ နေ့ချင်းပဲ ပြစ်ဒဏ်ချမှတ်ပြီး တောင်ကလေး အကျဉ်းထောင်မှာ ပြစ် ဒဏ်ကျခံစေပြီး ဖြစ်ပါတယ်။”လို့ ဦးတေဇာအောင်က ပြောပါတယ်။

မြဝတီနယ်စပ်ဂိတ်က ပြန်ဝင်လာသူတွေကို မြဝတီမှာပဲ ကွာရန်တင်း နေရာတွေ စီစဉ်ပေးပြီး ကိုဗစ်ရောဂါပိုး ရှိမရှိ ဓာတ်ခွဲနမူနာရယူစစ်ဆေးပေးလျက်ရှိသလို အခု သတ်မှတ်ဂိတ်မဟုတ်တဲ့အခြမ်းကနေ ပြန်ဝင်လာသူကိုလည်း ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

“အခုလို သတ်မှတ်ဂိတ်မဟုတ်ပဲ ပြန်ဝင်လာမှုနဲ့ တရားမဝင် ပြန်လည်ခိုးဝင်မှုတွေ မဖြစ်ပေါ်ဖို့အတွက်တော့ ကျွန်တော်တို့အနေနဲ့ ရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လုံခြုံရေး လုပ်ဆောင်နေပါတယ်။ဒါ့အပြင် ည ၁၂ကနေ မနက် ၄နာရီအထိကလည်း ညမထွက်ရအမိန့်ရှိလို့ အဲ့ဒီအချိန်မှာလည်း လုံခြုံရေးကင်းလှည့်ဆောင် ရွက်မှုတွေ တောက်လျှောက်ရှိနေပါတယ်။”လို့ ဦးတေဇာအောင်က ဆက်လက်ပြောပါတယ်။

လက်ရှိအချိန်ထိ မြဝတီနယ်စပ်ဂိတ်ကတဆင့် ပြန်ဝင်လာသူ ၃၃၀၀၀ကျော်သွားပြီ ဖြစ်ပြီး ကိုဗစ်ရောဂါပိုး တွေ့ရှိ ထားသူ ၂၆ဦးရှိပါတယ်။၂၆ဦးအနက် ၃ဦးက ပြည်တော်ပြန်တွေဖြစ်ပြီး ကျန် ၂၃ဦးကတော့ IDCကနေ လွှဲပြောင်းပေးခဲ့တဲ့ အကျဉ်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က