၄၂၀၀ရဲ့ အဖြေက သိထားရပြီး အားလုံး Negative ထွက်ကာ ကျန်ဓာတ်ခွဲနမူနာတွေရဲ့ အဖြေကတော့စောင့်နေဆဲလို့သိရပါတယ်။

စစ်ဆေးထားတဲ့ ဓာတ်ခွဲနမူနာ ၄၆၀၀ ထဲမှ ၄၂၀၀ ရဲ့အဖြေကို သိရပြီဖြစ်ပြီး အားလုံး Negative ဖြစ်ပါတယ်။

မြဝတီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာသူတွေကို မြဝတီမှာ ဓာတ်ခွဲနမူနာရယူစစ်ဆေး ပြီး ကွာရန်တင်းထားရှိထားပါတယ်။ လက်ရှိမှာတော့ မေလ ၁ရက်က စတင်ပြီး ပြန်ဝင်လာသူ ၂၇၀၀၀ကျော် ရှိနေပြီဖြစ်ကာ ဓာတ်ခွဲနမူနာ ၄၆၀၀ စစ်ဆေးနိုင်ပြီလို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က Duwun ကို ပြောပါတယ်။



“ကျွန်တော်တို့မေ ၁ ရက်ကစတင်ပြီး ဒီဘက်မှာပဲ ကွာရန်တင်း ၂၁ ရက်ထားပြီး ဓာတ်ခွဲအဖြေရယူ စစ်ဆေးပေးနေပါတယ်။လက်ရှိမှာတော့ ပြန်ဝင်လာသူ ၂၇၀၀၀ထဲက ၄၆၀၀ရဲ့ ဓာတ်ခွဲနမူနာကိုရယူထားနိုင်ပြီး ၄၂၀၀ ရဲ့ အဖြေကတော့ ရောဂါပိုးမတွေ့ထားပါဘူး။ကျန်ဓာတ်ခွဲနမူနာတွေရဲ့ အဖြေတွေကတော့ မသိရသေးပါဘူး။”လို့ ဦးတေဇာအောင်က ပြောပါတယ်။

ပြန်ဝင်လာသူတွေထဲကနေ ဓာတ်ခွဲနမူနာကို အနည်းဆုံး ၁၀ ရာခိုင်နှုန်းရယူစစ်ဆေးနိုင်ဖို့ လုပ်ဆောင်ထားတာ ဖြစ်ပြီး လက်ရှိမှာတော့ သတ်မှတ် ရာခိုင်နှုန်းထက် ပိုမိုစစ်ဆေးနေနိုင်တာလို့လည်းသိရပါသေးတယ်။

“ကျွန်တော်တို့ကို သတ်မှတ်ထားတာ အနည်းဆုံး ၁၀ရာခိုင်နှုန်းစစ်ဆေးပေးနိုင်ရမယ်။ဒါဆို ကျွန်တော်တို့က အခု ၂၇၀၀၀မှာ ၂၇၀၀ပဲစစ်နိုင်ဖို့လိုတာ၊ဒါပေမယ့်အခု ၄၆၀၀ထိ စစ်ထားနိုင်တာဆိုတော့ သတ်မှတ်နှုန်းထက် များစွာ ပိုစစ်ဆေးပေးထားနိုင်တာကိုတွေ့ရပါတယ်။”လို့ ဦးတေဇာအောင်က ဆေးစစ်ပေးနိုင်မှု အခြေအနေကို ရှင်းပြပါ တယ်။

မြဝတီ နယ်စပ်ဂိတ်ကနေတဆင့် ပြန်လာတဲ့သူတွေထဲမှာ ကရင်၊ ကချင်၊ ချင်းနဲ့ နေပြည်တော်က သူတွေကိုတော့ ကရင်ပြည်နယ်မှာရှိတဲ့ Quarantine စင်တာတွေမှာပဲ ထားရှိပြီး ကျန်တိုင်းနဲ့ ပြည်နယ်ကသူတွေကိုတော့ သက်ဆိုင် ရာအစိုးရအဖွဲ့နဲ့ ချိတ်ဆက်ကာ မော်တော်ယာဉ်များနဲ့ ပို့ဆောင်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က