Hmue Eain Zaw

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်တစ်ခုအဖြစ်ကို ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

Photo - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၂ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် သြရိဿကမ်းခြေအနီး ပင်လယ်ပြင်မှာ ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။

လေဖိအားနည်းရပ်ဝန်းကြောင့် ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေတယ်လို့မိုးလေဝသနှင့် ဇလဗေဒညွှန့်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။

Photo - windy.com

လေတိုက်နှုန်း တစ်နာရီကို မိုင် ၄၀ လောက်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၉ ပေကနေ ၁၃ ပေလောက်အထိမြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နောက်နှစ်ရက်အတွင်း တစ်နိုင်ငံလုံးနေရာအနှံ့အပြားမှာ မိုးရွာသွန်းမယ်လို့ဆိုပါတယ်။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းမှာ မိုးပိုပြီး ရွာသွန်းနိုင်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က