စုစုပေါင်း သေဆုံးသူ (၂၀)ဦးထိရှိလာပါပြီ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာလ (၁၂)ရက်နဲ့ (၁၃)ရက်နေ့ (၂၄)နာရီ အတွင်းကိုဗစ်လူနာ (၄)ဦးသေဆုံးခဲ့ပါတယ်။

ဒီကနေ့ မှာတင် (၃)ဦးသေဆုံးခဲ့တာဖြစ်ပြီး ကျန်တစ်ဦးက မနေ့ကည ကသေဆုံးခဲ့တာပါ။ သေဆုံးခဲ့တဲ့ လူနာအမှတ်တွေက လူနာအမှတ် (၂၂၆၀)၊ (၂၅၂၃) ၊(၂၀၆၄)နဲ့(၂၄၂၉)တို့ဖြစ်ပြီး အသက် ၇၀ ကေကျော်နဲ့ ၉၀ ကျော် အရွယ်များ ဖြစ်ပါတယ်။



အသက် ၇၅ နှစ်အရွယ် လူနာအမှတ် (၂၅၂၃) အမျိုးသားကြီးက ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရတ် အသက်ရှုလမ်းကြောင်းပျက်စီးပြီး သေဆုံးခဲ့တာဖြစ်ပြီး အသည်းရောင်အသည်းဝါ (စီ)ပိုး ကုသမှုခံယူနေတဲ့သူပါ။ ကျန် (၃)ဦးက သွေးတိုး၊ ဆီးချို ရောဂါအခံတွေရှိပေမယ့်လည်း ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရတ် အသက်ရှုလမ်းကြောင်းပျက်စီးပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

သေဆုံးခဲ့တဲ့ လူနာ လေးဦးမှာ အသက်(၉၀)ကျော်အရွယ် အမျိုးသမီး နှစ်ဦး၊ အသက် (၇၅)နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ (၇၁)နှစ်အရွယ်အမျိုးသမီးတို့ဖြစ်ပါတယ်။ လက်ရှိကိုဗစ်ကြောင့် သေဆုံး လူနာက (၂၀)ဦးထိရှိနေပြီး ကိုဗစ်ဒုတိယလှိုင်းမှာတင် သေဆုံးသူ (၁၄)ဦးထိရှိလာခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်မှာလည်း ပိုးတွေ့လူနာသစ် (၁၃၆)ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာ စုစုပေါင်း (၂၉၃၂)ဦးထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က