ဒီကနေ့ကစပြီး ပြသနေပါပြီ။
Ei Ei Htun

ရုပ်ရှင်အငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ (၃၃)လမ်းနဲ့ (၃၄)လမ်းကြားရှိ နောက်ဖေးလမ်းကြားဟာ နေရာကျဉ်းတာကြောင့် ရုပ်ရှင်ပြသတဲ့အခါ လာရောက်ကြည့်ရှုတဲ့လူ အင်အားနဲ့ အဆင်မပြေဖြစ်မှာဆိုးလို့ မဟာဗန္ဓုလပန်းခြံမှာ ပြောင်းလဲပြသရခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးပြောပါတယ်။ 

ရန်ကုန်မြို့ရဲ့ ပြန်လည်ပြုပြင်ထားတဲ့ (၃၃)လမ်းနဲ့ (၃၄)လမ်းကြားရှိ နောက်ဖေးလမ်းကြားမှာ နိုဝင်ဘာလ(၁၉)ရက်နေ့က (၂၁)ရက်နေ့ ရုပ်ရှင်ကားများပြသသွားဖို့စီစဉ်ထားပေမယ့် အခက်အခဲတချို့ရှိတာကြောင့် မဟာဗန္ဓုလပန်းခြံမှာ ပြောင်းလဲပြသမှာဖြစ်တယ်လို့သိရပါတယ်။ ရုပ်ရှင်ကားတွေကိုတော့ ဒီကနေ့ နိုဝင်ဘာလ(၁၉)ရက်နေ့ကနေ စတင်ပြသနေပြီဖြစ်ပါတယ်။

“ ကျွန်တော်တို့အစောပိုင်းကတော့ နောက်ဖေးလမ်းကြားမှာဖို့စီစဉ်ထားပေမယ့် အခက်အခဲတချို့ကြောင့် မပြဖြစ်တော့တာ။ ဘယ်လိုအခက်ခဲတွေလည်းဆိုတော့ နောက်ဖေးလမ်းကြားဆိုတော့ နေရာကလည်းကျဉ်းတယ်။ လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေကလည်းများမှာဆိုတော့ ကြည့်ရှုတဲ့သူတွေလည်း အခက်အခဲဖြစ်မှာဆိုးလို့။ ပြီးတော့ ရာသီဥတုကြောင့် မိုးရွာတာတွေဖြစ်မှာဆိုးလို့ ပန်းခြံထဲမှာ နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ ပြောင်းလဲပြသဖြစ်သွားတာပါ” လို့ Memory ရုပ်ရှင်ပွဲတော်မှ တာဝန်ရှိသူ ကိုဇင်မောင်က Duwun ကိုပြောပါတယ်။

(၃၃)လမ်းနဲ့ (၃၄)လမ်းကြားရှိ နောက်ဖေးလမ်းကြားကို ပြန်လည်ပြုပြင်ထားရာမှာ ရုပ်ရှင်အငွေ့အသက်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလမ်းကြားမှာဆိုရင် ရှေး ၁၀စုနှစ်ဆီက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ပိုစတာများနဲ့ ဇာတ်ကောင်တွေရဲ့ ပုံရိပ်တွေကို နံရံဆေးရေးပန်းချီအဖြစ်ရေးခြယ်ထားတာ။ အခုလို ရုပ်ရှင်အငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ လမ်းကြားမှာ ဒီနှစ်ကျင်းပတဲ့ Memory ရုပ်ရှင်ပွဲတော်နဲ့လည်း တိုက်ဆိုက်နေတာကြောင့် အမှတ်တရဖြစ်အောင် နောက်ဖေးလမ်းကြားမှာ ရုပ်ရှင်ကားများကို ပြသဖို့ စီစဉ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ Memory ရုပ်ရှင်ပွဲတော်ကိုတော့ နိုဝင်ဘာလ(၁၅)ရက်နေ့မှ(၂၁)ရက်နေ့ထိ ဝဇီရာ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကားများကိုအခမဲ့ပြသနေပြီး နောက်ဖေးလမ်းကြားကနေ နေရာပြောင်းလဲပြသမယ့် ဗန္ဓုလပန်းခြံမှာဆိုရင်လည်း ရုပ်ရှင်ကားများကို ဒီကနေ့ နိုဝင်ဘာလ(၁၉)ရက်နေ့ကနေ (၂၁)ရက်နေ့ထိအခမဲ့ပြသသွားမှာပါ။


က္က