မြန်မာနိုင်ငံအနှံ့အပြားမိုးကြီးနိုင်ပါတယ်။
Ei Ei Htun

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာနိုင်ကာ နောက်(၆)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ နိုဝင်ဘာလ(၅)ရက်နေ့ မနက်(၉)နာရီကထုတ်ပြန်ကြေညာခဲ့ပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒီကနေ့မနက်ပိုင်းကစလို့ နောက်(၂)ရက်အတွင်း မြန်မာနိုင်ငံအနှံ့အပြားမှာ နေရာဒေသအလိုက် မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ေနပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာတော့ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့သိရပါတယ်။

ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်သလို ပျက်ပြယ်သွားနိုင်တယ်လို့ မိုးဇလက နိုဝင်ဘာလ(၄)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပေမယ့် ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်မှာတော့ လေဖိအားရပ်ဝန်းက ပိုမိုအားကောင်းလျှက်ရှိနေတာပါ။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သဘောၤများအနေဖြင့် သတိပြုနိုင်ရန်ကိုလည်း အသိပေးနှိုးဆော်ထားပါတယ်။


က္က