အားလုံးကို ကွာရန်တင်းထားရှိထားပါတယ်။

နေပြည်တော်က ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ထားလို့ ကွာရန်တင်းထားရှိထားသူ အားလုံး (၄၀၀)ကျော်ရှိတယ်လို့ သိရပါတယ်။

လက်ရှိနေပြည်တော်မှာ ပိုးတွေ့ လူနာ အယောက် (၃၀)ကျော်ရှိပြီး ထိတွေ့ထားသူ အယောက် (၄၀၀)ကျော်ကိုတော့ ဆေးရုံတွေနဲ့ ဟိုတယ်တွေမှာ ကွာရန်တင်းထားရှိထားတာဖြစ်ပါတယ်။



“နေပြည်တော်က ပိုးတွေ့လူနာအများစုက မိသားစုဝင်တွေကတစ်ဆင့် ကူးဆက်ခံရတာတွေ များပါတယ်။ လူနာကို ကျွန်တော်တို့ ထိတွေ့မှု နည်းအောင်တော့ လူနာတွေ လာတဲ့ အခါမှာ ကျွန်တော်တို့ ရိုးရိုး လူနာ နဲ့ ဖျားနာ လူနာ ခွဲပြီး ချန်နယ် တစ်ခု လုပ်ထားပါတယ်။ အဲဒီမှာ ဖျားတာနဲ့ သတင်းပို့လိုက်တာနဲ့ အဲဒီအခန်းထဲ တန်းသွား ဆရာဝန် ဆရာမ ကလည်း PPE ဝတ်စုံ ဝတ်ပြီး ကြည့်တယ်။ နောက်ပြီး အဲဒီလူနာနဲ့ ထိတွေ့မှု အနည်းဆုံး ဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်ပြီး သွားတယ်။ အဲဒီလို ခွဲထားပါတယ်။ ပိုးတွေ့ လူနာတွေကတော့ နေပြည်တော်မှာ အရေ အတွက် ၃၀ ကျော်ရှိပြီပေါ့။ အယောက် ၃၀ ကျော်ရှိတဲ့ အတွက် သူတို့ နဲ့ ထိတွေ့ခဲ့တဲ့ ကွန်တက် တွေက အများကြိးပဲ ကျွန်တော်တို့ လိုက်တဲ့ အခါ ကျတော့ လူပေါင်း ၄၀၀ လောက်ရှိပါတယ်”လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးမှ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

နေပြည်တော်မှာ ကိုဗစ်နဲ့ပတ်သက်ပြီး ကုသရေးလုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကပိုပြီး အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ခုအဖြစ်ဆောင်ရွက်လျှက်ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့အခါမှာလည်း ကူးစက်မှုတွေ လျော့နည်းအောင် ဆေးရုံမှာ လူနာတွေ အပြင် လူနာစောင့်တွေ အများကြီး မဖြစ်အောင် မလိုလားအပ်တဲ့ လူတွေ ကို ဖယ်ရှားကာ စစ်ဆေးရေး ကြပ်မတ်ပြီး ဆေးရုံတွေမှာ လူ အဝင်အထွက်လျော့အောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

နေပြည်တော်ဝင်ရောက်လာတဲ့သူတွေကိုလည်း နေပြည်တော် စည်ပင်ရိပ်သာမှာ ကွာရန်တင်း ထား ရှိပြီး Swab ယူကာ negative ဆိုမှာ ၃ ရက်ဆက်နေခိုင်းပြီး သွားခွင့်ပေးနေတာဖြစ်ပါတယ်။ လက်ရှိနေပြည်တော်မှာ stay home မြို့နယ်တွေက လာပြီး ကွာရန်တင်း ဝင်နေသူ (၁၃၀၀)နီးပါးရှိတယ်လို့ သိရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က