တစ်ဦးက ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနဲ့ထိတွေ့မှုမရှိသူဖြစ်နေတယ်လို့သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်အရ ထပ်တိုးလူနာ (၃၈)ဦးမှာ နေပြည်တော်က (၇)ဦးပါဝင်ခဲ့ပါတယ်။

နေပြည်တော်က ပိုးတွေ့လူနာ (၇)ဦးမှာ (၆)ဦးကအသွားအလာကန့်သတ်ထားသူဖြစ်ပြီး ကျန်တစ်ဦးက နေမကောင်းလို့ နေပြည်တော်ကုတင်တစ်ထောင်ဆေးရုံကိုလာပြရာကနေ ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ အသွားအလာကန့်သတ်ထားတဲ့ ပိုးတွေ့လူနာ (၆)ဦးထဲမှာ အများစုက အစိုးရဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ ဝန်ထမ်းအများစုပါဝင်တယ်။ ပိုးတွေ့ (၇)ဦးမှာ (၆)ဦးကကွာရန်တင်းဝင်ရောက်ရင်းကနေ ရောဂါပိုးတွေ့ခဲ့တာပါ။ ကျန်တဲ့တစ်ဦးကတော့ ဖျားလို့ဆေးရုံလာပြရာကနေ ဓာတ်ခွဲစစ်ဆေးတော့ ပိုးတွေ့ခဲ့တာပါ။ သူနဲ့ထိတွေ့ထားသူတွေရှိတယ်။ အားလုံးကို ကွာရန်တင်းထားရှိပါမယ်” နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က Duwunကို အတည်ပြုပြောကြားပါတယ်။



နေမကောင်းလို့ ဆေးရုံကလာပြတဲ့သူက ဒက္ခိဏသီရိမြို့နယ်ကဖြစ်ပြီး သူနဲ့ထိတွေ့ထားသူတွေက လက်ရှိစာရင်းအရ (၁၂)ဦးရှိတယ်လို့သိရပါတယ်။ အသွားအလာကန့်သတ်ထားတဲ့ ပိုးတွေ့လူနာ (၆)ဦးကတော့ ယခုရက်ပိုင်းအတွင်း ပြည်တွင်းခရီးသွားရာဇင်တွေရှိတာကြောင့် အသွားအလာကန့်သတ်ထားသူတွေဖြစ်ပါတယ်။ နေပြည်တော်က ပိုးတွေ့လူနာ (၇)ဦးစာရင်းမှာ ဒက္ခိဏသီရိမြို့နယ်က (၂)ဦး၊ ဇမ္ဗူသီရိမြို့နယ်က (၂)ဦး၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနားနဲ့ တပ်ကုန်းမြို့နယ် က(၁)ဦးစီပါဝင်ပါတယ်။ 

လက်ရှိ နေပြည်တော်မှာ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအနေနဲ့ မြို့အဝင်ဂိတ်မှာ စစ်ဆေးရေးကို ထိထိရောက်ရောက်ဆောင်ရွက်နေသလို နေပြည်တော်ကို ဝင်ရောက်လာသူတိုင်းကလည်း ကွာရန်တင်းဝင်ရောက်ရမှာဖြစ်ပါတယ်။ ဒက္ခိဏက ပို့တွေ့လူနာတစ်ဦးကခရီးသွားရာဇဝင်မရှိသလို၊ အတည်ပြုလူနာနဲ့လည်း ထိတွေ့ထားခြင်းမရှိတာကြောင့် ဒေသတွင်းရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်အောင် ထိတွေ့ထားသူအားလုံးကို လိုက်ပြီး ကွာရန်တင်းထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က