နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ၂၁ ရက်တာ စောင့်ကြည့်အနေနဲ့ ထားရှိမှာ ဖြစ်ပါတယ်။

နေရပ်ပြန်သွားခဲ့တဲ့ ဝန်ထမ်းတွေ နေပြည်တော်ကို ပြန်လာတာဆိုရင် မနေ့က နဲ့ ဒီနေ့ပေါင်းကို စုစုပေါင်း ၂၂၀ ကျော်ရှိနေပါပြီ။ သူတို့အားလုံးကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ၂၁ ရက်တာ စောင့်ကြည့်အနေနဲ့ ထားရှိမှာ ဖြစ်ပြီး  ကိုယ့်စားရိတ်နဲ့ကိုယ် စားသောက်နေထိုင်ရမယ်လို့လည်း သိရပါတယ်။

ဧပြီ ၁၀ ရက်နေ့ကနေ ဧပြီ ၁၉ ရက်နေ့အထိ သင်္ကြန်ရုံးပိတ်ရက် (၁၀) ရက်တာ ပြီးဆုံးသွားတဲ့ အချိန်မှာတော့ နေပြည်တော်ကို ပြန်လည် ဝင်ရောက်လာတဲ့ နေရပ်ပြန် ဝန်ထမ်းတွေဟာ ဧပြီ (၁၉ ) ရက် နဲ့ ဒီနေ့ ဧပြီ (၂၀) ရက်နေ့အတွင်း စုစုပေါင်း ၂၂၀ ကျော် ပြန်လည် ရောက်ရှိလာကြပါတယ်။ ဒီ ဝန်ထမ်း ၂၂၀ ကျော်ဟာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ စောင့်ကြည့်ကာလ ၂၁ ရက်တာ နေထိုင်ရမှာဖြစ်ပြီး စားစရိတ်ကိုတော့ ကိုယ့်စရိတ်နဲ့ကိုယ် စားသောက်ကြရမယ်လို့ သိရပါတယ်။



"ကျွန်တော်ကို NCVT ကတော့ အရှေ့ပိုင်းရောက်တဲ့သူတွေကို အစားအသောက် ၊ ဝေယျာဝစ္စတွေ ထောက်ပံ့ပေးမှုတွေလုပ်နေပါတယ်။ နောက်ပိုင်းရောက်လာတဲ့ ဝန်ထမ်းတွေကတော့ ကျွန်တော်တို့နဲ့ မဆိုင်တော့ဘူး၊ မနေ့က နဲ့ ဒီနေ့ ဝင်တဲ့ ဝန်ထမ်းတွေပေါ့၊ ဘာလို့လဲဆိုတော့ နောက်ပိုင်းဝင်လာတဲ့ ဝန်ထမ်းတွေရဲ့ ကောင်စီ နဲ့ သူတို့ သက်ဆိုင်ရာ ဌာနတွေက ညှိနှိုင်းပြီးတော့ ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ NCVT ကိုလည်း အကူအညီတောင်းခံတာတွေမရှိဘူးဆိုတော့ ကျွန်တော်တို့နဲ့ သက်ဆိုင်ခြင်းမရှိဘူးပေါ့။ အရေအတွက်အားဖြင့်တော့ ၂၂၀ ကျော် ရောက်လာတယ်လို့ သိရပါတယ်။" လို့ Naypyitaw COVID 19 Volunteer Team - NCVT နေပြည်တော် ဥက္ကဌ ဦးမောင်မောင်ဆွေက Duwun ကို ပြောပါတယ်။




နေပြည်တော်ကို ပြန်လည်ရောက်ရှိလာကြတဲ့ နေရပ်ပြန်ဝန်ထမ်းတွေ အပါအဝင် နေပြည်တော်ကို ရောက်ရှိလာကြတဲ့ ဘယ်သူ့ကိုမဆို

သက်ဆိုင်ရာ မြို့နယ်အလိုက် ထားရှိတဲ့ ကွာရန်တင်းစင်တာတွေမှာ စောင့်ကြည့်ထားရှိမှာဖြစ်ပြီး အားလုံးက ကိုယ့်စားစရိတ်နဲ့ ကိုယ် နေထိုင်ကြရမှာ ဖြစ်ပါတယ်။

နေပြည်တော် ဒက္ခိဏမြို့နယ်အတွင်းမှာတော့ အထက ၁၈၊ ဇေယျာသီရိမှာ ကျောက်ချက်ကျောင်း၊ တပ်ကုန်းမှာတော့ အထက ၁ နဲ့ ဥတ္တရမြို့နယ်မှာ အထက၁၂ တို့ကို စောင့်ကြည့်စင်တာတွေအဖြစ် စီစဉ်ထားပါတယ်။ ဧပြီ၁၈ရက်နေ့ည ကစတင်ကာ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ် အသီးသီးမှာ ည၁၀နာရီကနေ မနက် ၄နာရီအထိ ညမထွက်ရ အမိန့်ကိုထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က