မကြာခဏမီးပျက်တဲ့အတွက် ဓာတ်ခွဲနမူနာစစ်ဆေးရာမှာနှောင့်နှေးနေရတယ်လို့ပြောခဲ့ပါတယ်။
Ye Yint Htay

ဒီနေ့မနက်(၁၀)နာရီမှာပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆောင်ဆန်းစုကြည်နဲ့ အပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ်မှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(National Health Laboratory) ရဲ့ COVID-19 ရောဂါရှာဖွေရေးတာဝန်ခံ ပါမောက္ခဒေါ်ဌေးဌေးတင်က NHL ရဲ့လိုအပ်ချက်အဖြစ် 500KVA မီးစက်တစ်လုံးသာအရေးပေါ်လိုတယ်လို့တောင်းဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NHL အတွက် နိုင်ငံတော်က ဘာပံ့ပိုးပေးရမလဲလို့မေးမြန်းခဲ့ရာမှာ ဒေါ်ဌေးဌေးက အခုလိုဖြေကြားခဲ့တာပါ။


လက်ရှိကာလက မီးမကြာခဏပျက်တတ်တဲ့အချိန်ဖြစ်ကြောင်း မီးပျက်ခဲ့ရင် ဓာတ်ခွဲစမ်းသပ်မှုကို အစကနေပြန်လုပ်ရတဲ့အတွက် အချိန်ကြန့်ကြာမှုတွေရှိနေကြောင်း ဒါကြောင့် မီးစက်တစ်လုံးအရေးပေါ်လိုကြောင်း ပြန်လည်တောင်းဆိုခဲ့ပါတယ်။ ဒေါ်ဌေးဌေးရဲ့တောင်းဆိုချက်ကို မီးစက်တစ်ံလုံးလောက်ကတော့ သိပ်အခက်မခဲမရှိပါဘူးလို့ ရယ်ရယ်မောမောနဲ့ပြန်လည်ဖြေကြားခဲ့ပါတယ်။ NHL အနေနဲ့ COVID-19 ရောဂါပိုးရှိမရှိစစ်ဆေးရာမှာလည်း ရလဒ်မှားယွင်းမှုမရှိကြောင်းကို ရာနှုန်းပြည့်အာမခံကြောင်းလည်း ဒေါ်ဌေးဌေးက ဆွေးနွေးခဲ့ပါတယ်။ 



Author


က္က