ဧပြီလ ၁၆ ရက်နေ့ကလည်း အဲဒီနေရာမှာ ငလျင်လှုပ်ခတ်မှု ၂ ကြိမ်ဖြစ်ခဲ့တာပါ။
Mi Thawdar Aung

ချင်းပြည်နယ် ဖလမ်းမြို့ရဲ့ အရှေ့တောင်ဘက် (၂၅)မိုင် ခန့်အကွာကို ဗဟိုပြုပြီး  ဒီနေ့ည ၁၀ နာရီ မိနစ် ၂၀ ၉ စက္ကန့်အချိန်မှာ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဒါဟာ နှစ်ရက်အတွင်း တတိယအကြိမ် ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဟားခါးမြေငလျင်စခန်းကနေ အရှေ့-အရှေ့မြောက်ဘက် ၂၇ မိုင်ခန့်ကွာဝေးတဲ့ ဖလမ်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၄ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မနေ့က ဧပြီလ (၁၆)ရက်နေ့ ညနေပိုင်းတုန်းကလည်း ချင်းပြည်နယ် ဖလမ်းမြို့ အရှေ့တောင်ဘက် (၂၅)မိုင်ခန့်အကွာကို ဗဟိုပြုပြီး နာရီပိုင်းအတွင်းမှာပဲ ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပထမဆုံးလှုပ်ခတ်ခဲ့တဲ့ငလျင်ကတော့ ဧပြီလ ၁၆ ညနေ(၆)နာရီ (၁၅)မိနစ်မှာ ပြင်းထန်အင်အား (၆.၁)အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ပြီး (၇)နာရီ (၁၇)မိနစ်အချိန်မှာတော့ အင်းအားအနည်းငယ်ရှိတဲ့ (၄.၁)အဆင့်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တာပါ။

အဲဒီနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကို ကျောက်တော်၊မုံရွာ၊ဖလမ်း၊ ကလေးဝနဲ့ ဟားခါးတို့မှာ သိသိသာသာခံစားခဲ့ရပြီး ဟားခါးမြို့မှာတော့ အပျက်အစီးအနည်းငယ်ရှိခဲ့တယ်လို့ မြေငလျင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက Duwun ကိုပြောခဲ့ပါတယ်။


က္က