၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD ကိုသာမဲပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

မြန်မာနိုင်ငံကို မြေရိုင်းအဆင့်ကနေ ဉယျာဉ်ကြီးတစ်ခုလို သာယာနေချင်ဖွယ်ဖြစ်အောင်ဆောင်ရွက်နိုင်ဖို့ လာမယ့် ရွေးကောက်ပွဲမှာလည်း NLD ပါတီအနေနဲ့ နိုင်ငံတာဝန်တွေကို ဆက်လက်ဆောင်ရွက်ချင်တယ်လို့ NLD ပါတီဥက္ကဌဖြစ်တဲ့ နိုင်ငံတော်အတိုင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက် အစီအစဉ်မှာ အခုလိုပြောကြားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာနိုင်ငံက ဥယျာဉ်ပုံစံပေါ်စ ရှိနေတဲ့ မြေကြီး တစ်ခုလိုဖြစ်နေပြီး ဒါကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် NLD ပါတီအနေနဲ့ လုပ်လက်စ လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ချင်တယ်လို့ ဆိုပါတယ်။



“ ကျွန်မတို့ အစိုးရ စတင်တာဝန်ထမ်းဆောင်ခဲ့စဉ်က ရင်ဆိုင်ခဲ့ရတာ နှစ်ပေါင်းများစွာ ပစ်ထားခဲ့တဲ့ခြံမြေကွက်ကြီးကို တန်ဖိုးရှိတဲ့ ဥယျာဉ်တစ်ခုဖြစ်လာအောင် လုပ်ဆောင်ရသလိုပါပဲ။ အန္တရာယ်များစွာရှိနေတဲ့ မြေကွက်ကြီးကို တန်ဖိုးရှိတဲ့ ဥယျာဉ်တစ်ခုဖြစ်အောင်ကြိုးပမ်းရပါတယ်။ တစ်နေ့တစ်ရက်မပျက် ပြုစုပျိုးထောင်လာရာမှာ အခုကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ရောဂါကြီးလို မမျှော်မှန်းနိုင်တဲ့ မုန်တိုင်းများ တိုက်ခတ်ရင်တောင် စေတနာ၊ပညာ ၊ဇွဲ ၊လုံးလတွေနဲ့ ရှိတဲ့အရင်းအမြစ်တွေကို အသုံးပြုပြီး ဥယျာဉ်အထိအခိုက်အနည်းဆုံးဖြစ်အောင် ဉယျာဉ်မှူးတွေက တာဝန်ယူရပါမယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

လက်ရှိမှာ NLDပါတီရဲ့ လုပ်ဆောင်ချက်တွေကြောင့် မြန်မာနိုင်ငံက အရိုင်းအဆင့်ကနေ ဥယျာဉ်ပုံစံပေါ်စဖြစ်နေတဲ့ တန်ဖိုးရှိ မြေကြီးကို မြေရိုင်းဘဝပြန်မရောက်စေရဘူးလို့လည်း ဆိုပါတယ်။ 

နိုင်ငံအတွက် ဆက်လက်လုပ်ဆောင်စရာရှိနေသေးလို့ NLD အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ပြည်သူတွေအနေနဲ့ကလည်း NLD ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာတိုင်းမှာ တခဲနက်မဲပေးကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ကို နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပပြုလုပ်မှာပါ။

ကိုဗစ်ကြောင့် ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ ပါတီတချို့က ကော်မရှင်ကို တင်ပြတောင်းခံထားပေမယ့်လည်း ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးပါဘူး။ လက်ရှိမှာတော့ ပါတီတွေအနေနဲ့ ကိုဗစ်ကြောင့် မြေပြင်မဲဆွယ်စည်းရုံးမှုတွေကို ရပ်နားကာ အွန်လိုင်းတွေကနေတစ်ဆင့် ကမ်ပိန်းတွေပြုလုပ်ပြီး ရွေးကောက်ပွဲဝင်ရောင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ဆောင်ရွက်လျှက်ရှိနေကြပါတယ်။


Share

Loading Next Article...
က္က