အခုချိန်ထိတရားဝင်ဖွင့်လှစ်ခွင့်မပြုထားပါဘူး။
Mi Thawdar Aung

Night Club ၊ KTV ၊Bar တွေကို အခုချိန်ထိတရားဝင်ဖွင့်လှစ်ခွင့်ပြုထားခြင်းမရှိတာကြောင့် ဖွင့်လှစ်နေတဲ့ဆိုင်တွေရှိပါက အရေးယူဖို့ တိုင်းနဲ့ပြည်နယ်အသီးသီးကို ကိုဗစ်ထိန်းချုပ်ကုသကာကွယ်ရေးဗဟိုကော်မတီက ညွှန်ကြားစာတွေပေးပို့ထားတယ်လို့ သိရပါတယ်။

ဟိုတယ်တွေနဲ့သီးခြားနေရာတွေမှာ ဖွင့်လှစ်နေတဲ့ Bar ၊ Night Club ၊ KTV တွေဟာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ဖို့ လွယ်ကူတဲ့ နေရာတွေဖြစ်တာကြောင့် နေပြည်တော်ကောင်စီနယ်မြေ ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ ဟိုတယ်တွေနဲ့သီးခြားနေရာမှာ Bar ၊ Night Club ၊ KTV ဖွင့်လှစ်မှုကို ခွင့်မပြုခြင်းဖြစ်တယ်လို့သိရပါတယ်။



" KTV၊ Bar ၊ Club နဲ့ မာဆတ်တွေကို တရားဝင်ဖွင့်ခွင့်မရှိကြောင်း ညွှန်ကြားလာတာကြောင့် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှုး တွဆီကိုလည်းထပ်ဆင့်ညွှန်ကြားထားပြီးဖြစ်တယ်။ ဆိုင်တွေကို တရားဝင်ဖွင့်ခွင့်မရှိတာကို သိရှိကြောင်း ခေါ်ယူပြီး လက်မှတ်ရေးထိုးခိုင်းထားပါတယ်။"လို့ လှိုင်သာယာမြိုုနယ် ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းကပြောပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းထဲက လှိုင်သာယာမြို့နယ်အတွင်းမှာရှိတဲ့ KTV နဲ့ ဘား ၊ မာဆတ် လုပ်ငန်းတွေကို တရားဝင်ဖွင့်ခွင့်မရှိကြောင်း ခေါ်ယူပြောဆိုထားတဲ့အပြင် သိရှိကြောင်းပါ လက်မှတ်ထိုးခိုင်းထားတယ်လို့သိရပါတယ်။

Night club နဲ့ Bar ၊ KTV အများစုဟာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းမှာ အများဆုံးဖွင့်လှစ်ထားပြီး လက်ရှိရန်ကုန်မြို့မှာဆိုရင် ပြန်လည်ဖွင့်လှစ်နေတဲ့ဘားတွေ ရှိနေတာလည်းဖြစ်ပါတယ်။

" ဘားတွေ ပြန်ဖွင့်နိုင်တာသိတော့သိတယ်။ ဒါပေမယ့် ကျွန်တော်တို့တော့မသွားဖြစ်သေးဘူး။ တခြားနိုင်ငံတွေမှာ ဒီလိုပြန်ဖွင့်ပြီးမှ ကိုဗစ်ဒုတိယလှိုင်းပြန်ဖြစ်တာတွေကြားနေရတော့ ဒီမှာလည်း အဲလိုဖြစ်မှာစိုးရိမ်တယ်။ ဖြစ်နိုင်ရင်တော့ မဖွင့်စေချင်သေးဘူး။လုံးဝကို စိတ်ချရတဲ့အနေအထားမရောက်သေးတော့လေ။ စိတ်ချရတဲ့အနေအထားရောက်ရင်တော့ ဖွင့်စေချင်ပါတယ်" လို့ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာနေထိုင်သူတစ်ဦးကို ကိုခရစ်က သူ့ရဲ့ အမြင်ကို ပြောပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သောသတင်းဖြစ်ပါတယ်)


ဆက်စပ်အကြောင်းအရာများ


Author

  • Mi Thawdar Aung

    Content Editor/Reporter


က္က