ဘယ်လိုလမ်းခရီးမျိုးကိုမဆိုအခက်အခဲမရှိမောင်းနှင်နိုင်မယ့် Nissan ရဲ့အသစ်ထွက် လေးဘီးယက် (4WD) ကားအသစ်ကြီးတွေကိုအခမဲ့စမ်းမောင်းနှင်ခွင့်ရမှာပါ။
Phyo Min Thant

Nissan Sunny စမ်းသပ်မောင်းနှင်ပွဲတွေကို ရန်ကုန်နဲ့မန္တလေးမြို့တို့မှာအောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ပြီးတဲ့နောက်မှာ Nissan Myanmar ကနေပြီးနောက်ထပ်စိတ်လှုပ်ရှားစရာ စမ်းသပ်မောင်းနှင်ပွဲတစ်ခုထပ်မံကျင်းပသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒီတစ်ခါမှာတော့ ဘယ်လိုလမ်းခရီးမျိုးကိုမဆိုအခက်အခဲမရှိမောင်းနှင်နိုင်မယ့် Nissan ရဲ့အသစ်ထွက် လေးဘီးယက် (4WD) ကားအသစ်ကြီးတွေကိုအခမဲ့စမ်းမောင်းနှင်ခွင့်ရမှာပါ။

အဲဒီကားတွေကတော့ အသစ်ထွက် Double Cab Pickup အမျိုးအစားဖြစ်တဲ့ Nissan Navara Plus နဲ့ လုံးဝအသစ်စက်စက် ၇ယောက်စီး SUV အမျိုးအစား Nissan Terra တို့ပါပဲ။

ဘယ်လိုလမ်းမျိုးကိုမဆိုအနိုင်ယူနိုင်တဲ့ Nissan ရဲ့ကားသစ်ကြီးတွေကိုမောင်းနှင်ကြည့်ခွင့်ရဖို့ဆိုရင် စိတ်ကူးယဉ်မနေနဲ့ စမ်းသပ်မောင်းနှင်ပွဲမှာကိုယ်တိုင်ပါဝင်ဖို့လိုပါတယ်။

Nissan Navara Plus နဲ့Nissan Terra တို့ကိုအခမဲ့ကိုယ်တိုင်စမ်းသပ်မောင်းနှင်ခွင့်ရမယ့် စမ်းသပ်မောင်းနှင်ပွဲကို ဇွန်လ၊ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တို့မှာ ရန်ကုန်မြို့ Junction Square မှာ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိကျင်းပသွားမှာပဲဖြစ်ပါတယ်။

ဒီစမ်းသပ်မောင်းနှင်ပွဲမှာပါဝင်လိုတယ်ဆိုရင် အောက်က Link မှာအခုပဲကြိုတင်စာရင်းသွင်းထားလိုက်ပါ။

စာရင်းပေးသွင်းရန် => https://forms.gle/5D9GSLzbCGPbdGRr6


#4WDTestDrive #NavaraPlus #Terra

#NissanIntelligentMobility


Author


က္က