အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ အရှေ့တောင်ဘက် မိုင် (၆၇၀) ခန့်အကွာ ပင်လယ်ပြင်ကို အားကောင်းသော မုန်တိုင်းငယ်ဖြစ်ပေါ်ရန် ဗဟိုပြုလျက်ရှိပါတယ်။
Ei Ei Htun

အားကောင်းသောမုန်တိုင်းငယ်တစ်ခုဟာ နောက် ၆ နာရီအတွင်း ဆိုင်ဂလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ပြီး နောက် ၃၆ နာရီအတွင်းမှာ အားကောင်းသော ဆိုင်ဂလုန်းမုန်တိုင်းအဖြစ် ရောက်ရှီနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။

အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ အရှေ့ တောင်ဘက်မိုင်(၆၇၀) ခန့်အကွာပင်လယ်ပြင်ကို အားကောင်းသောမုန်းတိုင်ငယ်ဖြစ်ပေါ်နိုင်ရန် ဗဟိုပြုလျှက်ရှိနေပါတယ်။ အဆိုပါအားကောင်းတဲ့မုန်တိုင်းငယ်ဟာ လက်ရှိအခြေအနေမှာ အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားမယ်လို့ ခန့်မှန်းထားပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးဘဲ အဝါရောင်အဆင့်သတ်မှတ်ထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၇ ရက် မွန်းလွဲ (၂း၂၈)အချိန်က ထုတ်ပြန်ထားပါတယ်။

နောက် (၆)နာရီအတွင်း ခန့်မှန်းချက်မှာ အဆိုပါအားကောင်းသော မုန်တိုင်းငယ်ဟာ ဆိုင်ဂလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ နောက် (၃၆)နာရီအတွင်း အားကောင်းသောဆိုင်ဂလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။ အဆိုပါ အားကောင်းသော မုန်းတိုင်းငယ်နှင့်ပက်သက်ပြီး အကြံပြုချက်အနေနဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး ကမ်းဝေး ငါးဖမ်း ရေယာဉ်များ သဘောၤများအနေနဲ့ ကြိုတင်သတိပြုဖို့လိုကြောင်းကိုလည်း မိုးဇလရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က