လုပ်ငန်းတွေကိုတော့ ပုံမှန်တိုင်းလုပ်ဆောင်လျှက်ရှိပါတယ်။

နေပြည်တော်က နိုင်ငံတော်အကြီးအကဲတွေနဲ့ အနီးကပ်ထိတွေ့မှုရှိထားတဲ့ နိုင်ငံ့ဝန်ထမ်းတွေမှာ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အထူးကြပ်မတ် စစ်ဆေးဆောက်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျှက်ရှိပြီး လုပ်ငန်းတွေကို ပုံမှန်အတိုင်းလုပ်ဆောင်နေတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်းအတည်ပြုထားပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုက်ရိုက်ထိတွေ့မှုရှိထားတဲ့ သူအားလုံးကိုလည်း ကိုဗစ်ပိုး စစ်ဆေးခဲ့ရမှာ အားလုံးရောဂါပိုးကင်းရှင်းတယ်လို့ သိရပါတယ်။ 



ဒါ့အပြင် အတိုင်ပင်ခံနဲ့ အနီးကပ်နေထိုင်ထိတွေ့နေရတဲ့သူတွေကို သွားလာနေထိုင်မှုနဲ့ ကျန်းမာရေးစည်းကမ်းများကိုလိုက်နာကြဖို့ကိုလည်း အထူး ကြပ်မတ်ဆောင်ရွက်မှုတွေလည်းပြုလုပ်နေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ လက်ရှိမှာ လုပ်ငန်းတာဝန်တွေကိုပုံမှန်ဆောင်ရွက်နေသော်လည်း ဧည့်သည်တွေ့ဆုံမှုကိုတော့ ရပ်နားထားတယ်လို့ သိရပါတယ်။ 

ဒီကနေ့ စက်တင်ဘာလ (၁၅)ရက်နေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများရဲ့ ဟောပြောချက် အစီအစဉ် ရိုက်ကူးဖို့အတွက် နေပြည်တော် တပ်ကုန်းက မြန်မာ့အသံနဲ့ရုပ်မြင်သံကြားဌာနကိုသွားရောက်ခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုဗစ်ကာလအတွင်းမှာ မဲဆွယ်စည်းရုံးရေး အစီအစဉ်တွေကိုလည်း သတိထားလုပ်ဆောင်နေပြီး ကော့မှူးမှာလုပ်မယ့် မဲဆွယ်မှုခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

Share

Loading Next Article...
က္က