ပြတိုက်၊ပန်းချီပြပွဲတွေအဖြစ် ပြောင်းလဲဖွင့်လှစ်မယ်လို့သိရပါတယ်။

ဝန်ကြီးများရုံး(အတွင်းဝန်ရုံး) ကို ပြည်သူတွေ လာရောက်လေ့လာနိုင်တဲ့ ပန်းဥယျာဉ်အဖြစ်နဲ့ လာမယ့် ဧပြီလမှာ စတင်ဖွင့်လှစ်သွားမယ်လို့ ဝန်ကြီးများရုံးဟောင်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ကနေ သိရပါတယ်။

Photo- အနော်မာအနုပညာအဖွဲ့

“ အကြမ်းဖျင်းတွက်ချက်ထားတာပေါ့နော်။ အခုကတော့ ၉၀ ရာခိုင်နှုန်းပြီးနေပြီ။ဧပြီနဲ့မေလောက်တော့မှန်းထားတယ်။လွှတ်တော်ပြတိုက်ဖွင့်မယ်။ဝင်ကြေးကတော့ သတ်မှတ်လို့ မရသေးဘူး။ အခြေအနေကကြည့်ရဦးမယ်။လူတိုင်းတက်နိုင်မယ့် ပမာဏပါ။ စဖွင့်မှာကတော့ သိမ်ဖြူဘက်ခြမ်းလို့ ပြောလို့ရတာပေါ့။ အဲ့ဒီဘက်ခြမ်းကို အရင်ဖွင့်မှာပါ။ ဝင်ကြေးကတော့ မကောက်လို့လည်း မရဘူးလေ။ ထိန်းသိမ်းခတွေကလည်း ရှိသေးတာဆိုတော့ ကောက်ရမှာပါ။ ” လို့ ဝန်ကြီးများရုံးဟောင်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဒေါက်တာမောင်မောင်သိမ်းက Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးများရုံးပြင်ဆင်မှုက ရာခိုင်နှုန်း ၅၀ လောက်ပြီးစီးနေတာဖြစ်ပြီးတော့ ဝန်ကြီးများရုံးအရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းကို ဖွင့်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သမိုင်းအမွေအနှစ်တွေ ပြသဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး ရန်ကုန်ရဲ့ သမိုင်းဝင် အဆောက်အအုံဖြစ်တဲ့ အဆိုပါ ဝန်ကြီးများရုံးကို ပြတိုက်၊ ပန်းချီပြခန်း၊ ပွဲအခမ်းအနားတွေ ကျင်းပမယ့်နေရာတွေနဲ့ ဆိုင်ခန်းတွေပါဝင်မယ့် နေရာအဖြစ် ပြောင်းလဲဖွင့်လှစ်မယ်လို့ သိရပါတယ်။

ကိုလိုနိခေတ်လက်ရာတွေနဲ့ သက်တမ်း ရာကျော်ရှိတဲ့ အဆောက်အအုံကို လက်ရှိမှာ ပန်းချီပြပွဲတွေနဲ့ အနုပညာပြပွဲတွေကျင်းပနေတာဖြစ်ပြီး စိတ်ဝင်စားမှုများစွာရရှိနေတဲ့အဆောက်အအုံဖြစ်ပါတယ်။

အဆိုပါအဆောက်အအုံကို ၂၀၁၂ ခုနှစ်ကနေ စတင်ပြီး အနော်မာ အနုပညာလုပ်ငန်းစုက ငှားရမ်းပြင်ဆင်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး နှစ်ငါးဆယ်ကြာငှားရမ်းမှုကိုတော့ ၂၀၁၅ ခုနှစ်မှာစတင်ခဲ့ပါတယ်။

အတွင်းဝန်ရုံးလို့ လူသိများတဲ့ ဝန်ကြီးများရုံးကို လက်ရှိမှာ ပြုပြင်မှုတွေလုပ်ဆောင်နေတာဖြစ်ပြီးတော့ ပြုပြင်ပြီးတဲ့နောက်ပိုင်းမှာ ရန်ကုန်ရဲ့ထင်ရှားတဲ့ ယဉ်ကျေးမှုစင်တာဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဝန်ကြီးများရုံးရဲ့ တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်အခြမ်းပြုပြင်မှုတွေကိုတော့ ကျန်ရှိသေးတာကြောင့် လာမယ့် ၂၀၂၀ ခုနှစ်မှသာ ပြီးစီးမယ်လို့ သိရပါတယ်။ ၁၆ ဧကကျယ်ဝန်းပြီး သက်တမ်းရာကျော်ရှိနေတဲ့ ဝန်ကြီးများရုံးကို အနော်မာအနုပညာအဖွဲ့က နှစ် (၅၀+၁၀+၁၀) နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ပြီးတော့ ၂၀၁၇ ခုနှစ်ကနေ စတင်ပြင်ဆင်ခဲ့တာဖြစ်ပြီး ကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။



က္က