Mi Thawdar Aung

သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးအနီး တွေ့ရှိခဲ့တဲ့ လက်ပစ်ဗုံး ပစ်ထားခဲ့တဲ့ တရားခံကို ဖော်ထုတ်ဖို့ CCTV ကင်မရာတွေကို စစ်ဆေးနေတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက Duwun ကိုပြောပါတယ်။

Photo - Nay P Latt Fb

ဒီနေ့ ဇူလိုင်လ ၂၄ ရက် မနက် ၇ နာရီဝန်းကျင်မှာ သင်္ဃန်းကျွန်းမြို့နယ် မလိခလမ်းမပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံးရှေ့အနီးက သစ်ပင်တွေကြားထဲမှာ အဆိုပါ လက်ပစ်ဗုံးကို မလိခသန့်ရှင်းရေးဝန်ထမ်းက စတင်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

Photo - Nay P Latt Fb

“N36 နဲ့ ပုံသဏ္ဍာန်တူညီတဲ့ မြန်မာနိုင်ငံလုပ် မဟုတ်တဲ့ ဗုံးတစ်လုံးတွေ့ရှိပါတယ်။ ရဲစခန်းက လာပြီးတော့ တာယာကွင်းတွေ အုပ်ပြီးတော့ ဗုံးကို စနက်တံဖြုတ်လိုက်ပါတယ်။ နောက်ဆုံးအခြေအနေအရ CCTV ကင်မရာတွေကို စစ်ဆေးနေပြီး တရားခံ မည်သူမည်ဝါကို ဖော်ထုတ်နေပါတယ်” လို့ ဦးမောင်မောင်ဦးက ဆိုပါတယ်။

လက်ရှိမှာ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ တာဝန်ရှိသူတွေက ရန်ကုန်မြို့မှာ မရှိတာကြောင့် ရုံးအနီး လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး အလုပ်အမှုဆောင်တွေက တာဝန်ယူဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က