တရားခံကိုတော့ မသတ်မှတ်နိုင်သေးပါဘူး။

သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးအနီးမှာ လက်ပစ်ဗုံးပစ်ထားခဲ့တဲ့ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးနေပေမယ့် တရားခံလို့ မသတ်မှတ်နိုင်သေးဘူးလို့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက Duwun ကိုပြောပါတယ်။

Photo- Nay P Latt



"အခုတော့ မသင်္ကာဖွယ်ရာလူတွေကို ခေါ်ယူစစ်ဆေးနေပါပြီ။ တရားခံလို့တော့ မသတ်မှတ်နိုင်သေးပါဘူး။ အမှိုက်ကောက်တဲ့ ကလေးတစ်ယောက် လာပစ်ထားတယ်ဆိုတာလည်း မဟုတ်ပါဘူး” လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။

ရုံးအနီးမှာ တပ်ဆင်ထားတဲ့ CCTV သုံးလုံးရဲ့ မှတ်တမ်းကို စစ်ဆေးခဲ့ပြီး မသင်္ကာဖွယ်ရာ လူတွေကို စစ်ဆေးနေပေမယ့် တရားခံ မည်သူမည်ဝါမှန်း အတိအကျ မသိရသေးဘူးလို့ သင်္ဃန်းကျွန်းမြို့နယ်မှ ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

Photo- Nay P Latt

“ကျွန်တော်တို့ တရားခံဘယ်သူလဲ မပြောနိုင်သေးပါဘူး။ ထူးခြားချက်တွေကို စစ်ဆေးနေပါတယ်။ လက်ရှိ ရုံးအနီးတစ်ဝိုက် လှည့်ကင်းနဲ့ လုံခြုံရေးဆောင်ရွက်နေပါတယ်” လို့ အဆိုပါ ရဲအရာရှိက ဆိုပါတယ်။

ဇူလိုင်လ ၂၄ ရက် မနက် ၇ နာရီဝန်းကျင်လောက်က သင်္ဃန်းကျွန်းမြို့နယ် မလိခလမ်းမပေါ် မလိခလမ်းမပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံးရှေ့ အနီးက သစ်ပင်တွေ ကြားထဲမှာ N36 နဲ့ ပုံသဏ္ဍာန်တူညီတဲ့ မြန်မာနိုင်ငံလုပ်မဟုတ်တဲ့ လက်ပစ်ဗုံးတစ်လုံးကို မလိခ သန့်ရှင်းရေးဝန်ထမ်းက စတင်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ရဲစခန်းကို အကြောင်းကြားပြီး ရဲတပ်ဖွဲ့က လက်ပစ်ဗုံးကို စနက်တံဖြုတ် သိမ်းဆည်းလိုက်ပြီး CCTV ကင်မရာတွေကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က