နက်စ်လေ မြန်မာရဲ့ အားပေးသူမိဘပြည်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ "သိန်းပေါင်း ၅၀၀၀ ကံထူးဖို့ နက်စလေနဲ့ ကံထူးစို့ အစီအစဉ်ကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း ဇူလိုင်လ(၆)ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ “ဒီအစီအစဉ်ကတော့ နက်စ်လေမှ စားသုံးသူတွေကို ကူညီပံ့ပိုး ပေးသွားမယ့် ကနဦး လုပ်ဆောင်ချက် အစီအစဉ် တစ်ခု ဖြစ်ပြီးတော့ ဒီလုပ်ဆောင်ချက်ဟာ အခုလို ငွေကြေးပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေ ရှိနေရချိန်မှာ စားသုံးသူတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု အကူအညီပေးနိုင်မယ့် လက်တစ်စုံ ဖြစ်မယ်လို့ နက်စ်လေက ယုံကြည်ပါတယ်။” လို့ နက်စ်လေမြန်မာ၏ Head of Corporate Affairs ဖြစ်သူ မမွန်ဇာမျိုးအောင် က ပြောကြားခဲ့ ပါတယ်။
နက်စ်လေမြန်မာရဲ့ ဒီ ကံစမ်းမဲ အစီအစဉ်မှာ ပါဝင်ဖို့ အတွက်သတ်မှတ်ထားတဲ့ ပရိုမိုးရှင်း စတေကာ QR code ပါတဲ့ နက်စ်လေ ထုတ်ကုန်ကို ဝယ်ယူပြီးQR code ကို ဖုန်းနဲ့ စကင်ဖတ်ရမှာပါ။စကင်ဖတ်လိုက်ပြီး နက်စ်လေမြန်မာ ဖေ့ဘုတ်စ်ချက်ဘောက်ကို ရောက်သွားတဲ့အခါ ပရိုမိုးရှင်း စတေကာမှာ ဖော်ပြထားတဲ့ ဘားကုဒ် နံပါတ် ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ရိုက်ထည့် လိုက်တဲ့ ကုဒ်နံပါတ် မှန်တယ်ဆိုရင် ချက်ဘော့က အလိုအလျောက်မေးမြန်းတာတွေကို ဆက်လက် ဖြည့်သွင်းရမှာပါ။အချက်အလက်များ အားလုံးမှန်ကန်စွာ ဖြည့်စွက်ပြီး ပရိုမိုးရှင်းတွင် ပါဝင်ပြီး ဖြစ်ကြောင်း အတည်ပြုချက်အနေဖြင့် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စာတိုအား လက်ခံရရှိတာနဲ့ ကံစမ်းမဲအစီအစဉ်မှာ ပါဝင်သွားပြီ ဖြစ်ပါတယ်။
ဆုတွေကတော့ ငွေသားဆု ကျပ် ၁၅၀ သိန်း (၂)ဆု၊ ငွေသားဆု ကျပ် ၁၀၀ သိန်း (၁၀)ဆု၊ ငွေသားဆု ကျပ် ၅၀ သိန်းအား (၂၀)ဆု၊ ငွေသားဆု ကျပ် ၁၀ သိန်း (၃၀)ဆု နဲ့ ငွေသားဆု ကျပ် ၅ သိန်းအား (၄၈၀)ဆု စတာတွေပဲ ဖြစ်ပါတယ်။ကံထူးရှင်တွေကိုတော့ ကိုနက်စ်လေမြန်မာ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဇူလိုင်လ (၁၇) ရက်နေ့မှစတင်ကာ အပတ်စဉ် သောကြာနေ့ ညနေ (၆) နာရီ မှာ တိုက်ရိုက် ထုတ်လွှင့်ပြီး ကျပန်းရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“သိန်းပေါင်း ၅၀၀၀ ကံထူးဖို့၊ နက်စ်လေနဲ့ ကံစမ်းစို့” ပြည်လုံးကျွတ် ပရိုမိုးရှင်း အစီအစဉ်ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့ကတည်းက စတင်ကျင်းပနေခဲ့တယ်လို့ သိရပြီး ဒီ ကံစမ်းမဲ အစီအစဉ် နောက်ဆုံးကာလမှာ စက်တင်ဘာလ (၁၁) ရက်နေ့ ည ၁၂ နာရီတိတိ ဖြစ်ပါတယ်။ ကံစမ်းမဲအစီအစဉ်နဲ့ ပတ်သတ်တဲ့ နောက်ထပ်အကြောင်းအရာတွေကို သိရှိလိုတယ်ဆိုရင်တော့ facebook.com/NestleMyanmar မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
(ဒီသတင်းကို နက်စ်လေမြန်မာပံ့ပိုးကူညီထားပါတယ်)