ခရီးစဉ်တစ်ကြောင်းကို ၉ နာရီခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။

ရန်ကုန်-မော်လမြိုင်အမြန်ရထား လေအိတ်ရထားကို စတင်ပြေးဆွဲနေပြီး နှစ်ခုံကို လူတစ်ဦးသာ ထိုင်ရမှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားကသိရပါတယ်။

ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးအတွက် ခရီးသည်တွေဟာ ရထားခရီးစဉ်တစ်လျှောက်လုံးမှာ Mask (နှာခေါင်းစည်း) ကို တပ်ဆင်ပြီး လိုက်ပါစီးနင်းရမယ်လို့ သိရပါတယ်။ ရန်ကုန် - မော်လမြိုင်ခရီးစဉ် အတွက် အမှတ်(၈၃)အဆန်အမြန်ရထားနှင့် မော်လမြိုင်-ရန်ကုန်ခရီးစဉ်အတွက် အမှတ်(၈၄)အစုန်အမြန်ရထားကို လေအိတ်ရထားတွဲဆိုင်းဖြင့် စတင်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။



ဓာတ်ပုံ - ဦးဇော်လွင်

အမှတ်(၈၃)အဆန်အမြန်ရထားသည် ရန်ကုန်ကနေ နေ့စဉ် ည(၈)နာရီ ထွက်ခွာကာ မော်လမြိုင်ကို နောက်တစ်နေ့ မနက် ၅နာရီ ၁၅မိနစ်မှာ ရောက်ရှိမှာဖြစ်ပါတယ်။ အမှတ်(၈၄)အစုန်ရထားကတော့ မော်လမြိုင်ကနေ ည၉နာ ရီမှာ ထွက်ခွာပြီး ရန်ကုန်ကို နောက်တစ်နေ့မနက် ၆နာရီ မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

"ရထားလမ်းခရီးစဉ်တစ်လျှောက်မှာ ပဲခူး၊ ကျိုက်ထို၊ တောင်စွန်း၊ သထုံ၊ ပေါင်၊ မော်လမြိုင် ဘူတာမှာ ရပ်တန့်ပေးမှာ ဖြစ်တယ် ။လေအိတ်ရထားတွဲဆိုင်း ဖြစ်တဲ့အတွက် ခရီးသည်တွေအနေနဲ့က လိုရာခရီးကို သက်သောင့်သက်သာစီးနင်းလိုက်ပါနိုင်မယ်။ ရထားတွဲကိုလည်း သန့်ရှင်းသပ်ရပ်ကောင်းမွန်ပြီး စိတ်ချမ်းမြေ့မှု ရှိစေဖို့ စီစဉ်ဆောင်ရွက်ပေးထါးပါတယ်။ မနေ့က စတင်ပြေးဆွဲတာဖြစ်တယ်။" လို့ မြန်မာ့မီးရထားအမှတ်၇ (ရန်ကုန်) မန်နေဂျာ ဦးဇော်လွင်က ပြောပါတယ်။ 

ဓာတ်ပုံ - ဦးဇော်လွင်

အဆိုပါ လေအိတ် ရထားလက်မှတ်ခနှုန်းထားမှာ အထက်တန်း ၈၀၀၀ကျပ်၊ ရိုးရိုးတန်း ၄၀၀၀ကျပ် ဖြစ်ပြီး အထက်တန်းလက်မှတ်တွေကိုတော့ ၃ရက်ကြိုတင်ရောင်းချပေးပြီး၊ ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြိုတင် ရောင်းချပေးမယ်လို့သိရပါတယ်။ ရထားစီးနင်းမယ့်ခရီးသွားတွေအနေနဲ့ ထိုင်ခုံနေရာတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်နှင့်အညီ Social distancing အဖြစ်  တစ်ဦးနှင့်တစ်ဦး ခြားပြီး ထိုင်ရမှာဖြစ်ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်)

Share

Loading Next Article...
က္က