ဆွာ တံတားမခိုင်သလို၊ ရေတက်နေတဲ့ နေရာတွေကြောင့်ဖြစ်ပါတယ်။
Hmue Eain Zaw

ဆွာဆည်ကျိုးပေါက်မှုကြောင့် ဆွာမြို့နားမှာ အမြန်လမ်းပေါ်ရေတွေ တက်နေသလို ဆွာတံတားရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာရှိနေတာကြောင့် ရန်ကုန် မန္တလေး အမြန်လမ်းမှာ ထွက်ခွာတဲ့ကားတွေကို သြဂုတ်လ ၂၉ ရက်နေ့မှာ ယာယီရပ်ဆိုင်းထားပါတယ်။

 

40288036_2363943316954783_6005864206941814784_o.jpg

Photo - ပြည်ထဲရေးဝန်ကြီးဌာန

 

ရန်ကုန် အောင်မင်္ဂလာအဝေးပြေးယာဉ်လိုင်းက ထွက်ခွာလာပြီ မန္တလေးကိုသွားဖို့ စီစဉ်တဲ့ ကားတွေ ကို အမှတ် ၃ လမ်းဆုံးကနေ ပိတ်ပြီး ပြန်လှည်ခိုင်းတာတွေကြောင့် ကားတွေထွက်ခွာမှု ယာယီရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။

"ဒီနေ့မနက် မန္တလေးကို သွားဖို့ ကားစီးတာ ထွက်ထွက်ချင်းပဲရှိသေးတယ် ဆွာ မှာ ဖြတ်လို့ မရလို့ဆိုပြီး ကားပြန်လှည့်ရပါတယ်။ ကားလက်မှတ်ဖိုးတွေကို တော့ ကားဂိတ်က ပြန်ပေးပါတယ်။" လို့ ခရီးသွားပြည်သူဖြစ်တဲ့ မရွှေဇင် ကပြောပါတယ်။

ဒီလိုပဲ ရန်ကုန်ဖက်က ထွက်ခွာမှု ရပ်ဆိုင်းနေသလို မန္တလေးဖက်က လာမယ့် ကားတွေလည်း ထွက်ခွာဖို့ ရပ်ဆိုင်းထားတယ်လို့ မန္တလေး ဒေသခံ သတင်းထောက်တွေဆီက သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ရှိ ဆွာချောင်းရေလှောင်တမံရဲ့ ပင်မရေပိုလွှဲတံခါးဟာ ဒီနေ့မနက်ပိုင်းက ပဲ့ကျမှုဖြစ်ပွားခဲ့တာမှာ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၆၁ မှ ၁၆၆ ကြား၊ ရေတာရှည်မြို့ နဲ့ သာဂရကျေးရွာကြားရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၉၆ မှ ၂၀၄ မိုင်ကြားတို့မှာ လမ်းပေါ်ရေကျော်မှုများ ဖြစ်ပေါ်ခဲ့သလို ဆွာမြို့အပါအဝင် ကုန်းကြီးအရှေ့ကျေးရွာ၊ ကုန်းအနောက်ကျေးရွာတို့မှာလည်း ရေဝင်နစ်မြုပ်မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က