ပြန်လည်ပြေးဆွဲမည့်ရက်ကို အတိအကျမပြောနိုင်သေးဘူးလို့ ဆိုပါတယ်

မိုးရွာပြီးရထားလမ်းရေကျော်မှုကြောင့် ရန်ကုန်_မန္တလေး အမြန်စာပို့ရထားနဲ့ မော်လမြိုင်ရထားတွေ ပြေးဆွဲမှုယာယီရပ်ဆိုင်းထားပါတယ်။

37926112_2013609028696384_3201315077357568000_n.jpg 

  ပဲခူးဘူတာဝင်း ၊ ပဲခူးနှင့် ရွှေလှေကြား မှာ သံလမ်း အထက် ၁၁ လက်မအထိ ၊ဘုရားသုံးဆူနှင့် တာဝကြား မှာ သံလမ်း အထက် ၁၄ လက်မအထိ ရေကျော်နေတာကြောင့်ဇူလိုင် ၂၇ ရက် နေ့လယ်၁၂ နာရီက စပြီး ရထားလမ်းပိုင်းတွေကို ယာယီပိတ်ထားခဲ့ရပါတယ်။



ရန်ကုန်ဘူတာကြီးကနေ ဇူလိုင် ၂၇ ရက်မှာ ထွက်ခွာပေးရမယ့်ရန်ကုန်-သာစည်၊ရန်ကုန်-မန္တလေး၊ရန်ကုန်-နေပြည်တော်နဲ့ ဇူလိုင် ၂၈ ရက်မနက်ထွက်ခွာမယ့် ရထားတွေကိုလည်း ရပ်နားထားရပြီး လက်မှတ်ခတွေကိုလည်းပြန်အမ်းပေးနေတယ်လို့ မြန်မာ့မီးရထားကသိရပါတယ်။

''ရေကျော်တာ လွှတ်လို့ရပြီဆိုတဲ့အဆင့်ရောက်တာနဲ့ မလွှတ်ခင်မှာ သံလမ်းတွေစစ်ရမယ်။ တံတားတွေစစ်ရမယ်။ ကျောက်တွေဘာတွေ လိုတာချရမယ်။ တံတားတွေစောင်းတာရွဲ့တာရှိတယ်ပြင်ရဦးမယ်။ဒါတွေလုပ်ပြီးမှ လွှတ်လို့ရမှာဆိုတော့ ရေကဟုတ်တိပတ်တိမကျသေးတော့ ဘယ်တော့ပြေးဆွဲပေးမလဲဆိုတာ သေချာပြောလို့မရသေးပါဘူး''လို့ မြန်မာ့မီးရထား အောက်မြန်မာပြည်မှ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောပါတယ်။

ဒါ့အပြင်မန္တလေး၊ သာစည်နှင့် နေပြည်တော်ဘူတာကထွက်ခွာမယ့် အစုန်ရထားတွေကိုလည်း ယာယီပိတ်ထားရပါတယ်။ မွန်ပြည်နယ် မိုးကြီးမှုကြောင့် ဒုံဝန်း-နှင်းပုလဲရထားလမ်းပိုင်း ပိတ်ဆို့သွားခဲ့ပြီး မွန်ပြည်နယ် ကိုသွားမယ့်ရထားလမ်းပိုင်းပိတ်သွားခဲ့လို့ ရန်ကုန်-မော်လမြိုင်အပြင် ထားဝယ်အထိပြေးဆွဲမယ့်ရထားတွေကိုပါ ဖျက်သိမ်းထားရပါတယ်။

  ပဲခူး အထက်ပိုင်းက ခရီးသွားပြည်သူတွေအတွက် ဇူလိုင် ၂၈ ရက်မှာ ပြွှန်တန်ဆာဘူတာမှာ ရပ်နားထားတဲ့ ရထားကို မန္တလေးကို စေလွှတ်ပေးခဲ့ပြီး မန္တလေးဘူတာ မှလည်း ဘုရားကြီးဘူတာအထိ ပြေးဆွဲပေးနေကာ လက်မှတ်တွေကို ဒိုက်ဦးဘူတာ အထိသာ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

ဘုရားကြီးဘူတာကနေ ပဲခူးနဲ့ဝေါမြို့ကို သွားရောက်မယ့် ခရီးသည်တွေအတွက် အဆင်ပြေနိုင်သလို ရန်ကုန်ကို လာမယ့်ခရီးသည်တွေအတွက်လည်း အမြန်လမ်းပေါ်ကတဆင့်လာရောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပဲခူး-တောင်ငူ၊တောင်ငူ-သာစည်နဲ့သာစည်-မြို့ဟောင်းကြား ရထားတွေကို ဇူလိုင် ၂၈ ရက်မှစတင်ပြီး ပုံမှန် ပြေးဆွဲပေးနေပြီး ရေကျတာနဲ့ရထား လမ်းပိုင်း အမြန်ပြန်ဖွင့်ဖို့ စီစဉ်နေတယ်လို့ မြန်မာ့မီးရထားက သိရပ်တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က