ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ပြေးဆွဲမှာပါ။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ တရုတ်နိုင်ငံ ချန်ဒူးကို တိုက်ရိုက်ပြေးဆွဲမယ့် လေကြောင်းလိုင်းတစ်ခုကို ဒီဇင်ဘာလ ၂၈ရက်နေ့မှာ စတင်တော့မှာဖြစ်တယ်လို့ မြန်မာအမျိုးသား လေကြောင်းလိုင်းကနေ သိရပါတယ်။

Photo - ATR

ဒီလိုပြေးဆွဲတာဟာ မြန်မာအမျိုးသား လေကြောင်းလိုင်းရဲ့ ဆဌမမြောက် နိုင်ငံတကာ ခရီးစဉ်ဖြစ်ပြီးBoeing 737-800 NG အမျိုးအစား လေယာဉ်တွေနဲ့ ပျံသန်း ပေးသွားမယ်လို့ မြန်မာ့အမျိုးသားလေကြောင်းကတာဝန်ရှိသူ က Duwun ကိုပြောပါတယ်။



ဒီလိုလေကြောင်း ခရီးစဉ်အသစ်ကိုပြေးဆွဲဖို့အတွက် အချိန် တစ်နှစ်ခွဲလောက် ကြာအောင်စီစဉ်ခဲ့ရပြီး တရုတ် နိုင်ငံ ခရီးသွား ဧည့်သည်တွေပိုမိုလာရောက်ဖို့ ရည်ရွယ်ထားတယ်လို့သူက ပြောပါတယ်။

ဒါ့အပြင် မြန်မာအမျိုးသားလေကြောင်းလိုင်း အနေနဲ့ Business class နဲ့လိုက်ပါမယ့် ခရီးသည်တွေအတွက် ရန်ကုန်နဲ့ ချန်ဒူး လေဆိပ်တွေမှာ Lounge အသုံးပြုနိုင်ဖို့လည်းစီစဉ်ထားတယ်လို့သိရပါတယ်။ဈေးနှုန်းတွေကတော့ ရန်ကုန်-ချန်ဒူး-ရန်ကုန် အသွားအပြန် ခရီးစဉ် အတွက် Economic class အနေကို USD ၃၃၀ နဲ့ စတင်ရောင်းချ ပေးသွားမှာဖြစ်ပြီး Business class ကိုတော့ USD ၉၀၀ ခန့်နဲ့ ရောင်းချပေးသွားမယ်လို့သိရပါတယ်။

ခရီးစဉ်အနေနဲ့ကတော့ တစ်ပတ်ကို သုံးကြိမ်ပျံသန်းပေးသွားမှာဖြစ်ပြီး ရန်ကုန်မြို့ကနေ ည၁၀ နာရီ ၂၀ မိနစ် မှာ ထွက်ခွာမှာဖြစ်ပြီး ချန်းဒူ မြို့ ကနေ ရန်ကုန်ကိုတော့မနက် ၃ နာရီ ၃၅ မိနစ် မှာ ပြန်လည်ထွက်ခွာမယ်လို့သိရပါတယ်။ ခရီးစဉ် ပျံသန်းချိန်ကတော့ ၂ နာရီ ၂၅ မိနစ် ကြာမြင့်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က