ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ
Mi Thawdar Aung

လေယာဉ်ပြေးလမ်းချော်မှုကြောင့် သြဂုတ်လ ၅ ရက် မနက် ၁၀ နာရီ ၃၆ မိနစ်က ခေတ္တယာယီပိတ်ထားခဲ့ရာ ဒီနေ့ သြဂုတ်လ ၆ ရက် မနက် ၆ နာရီမှာ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားခဲ့ပြီလို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

Photo- Ministry of Transport and Communications

ရန်ကုန်လေဆိပ်ပြေးလမ်းမှာ လမ်းချော် ပိတ်ဆို့နေခဲ့တဲ့ တပ်မတော်လေယာဉ်ကို ဖယ်ရှားနိုင်ဖို့ လေကြောင်းပို့ဆောင်ရးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့မီးရထားမှ အင်ဂျင်နီယာတွေ၊ ကျွမ်းကျင်လုပ်သားတွေနဲ့ တပ်မတော်(လေ) မှ တပ်မတော်သားတွေ၊ ရန်ကုန်လေဆိပ်ဝန်ထမ်းတွေ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ဒီနေ့ မနက် ၃ နာရီ ၄၄ မိနစ်မှာ လေယာဉ်ကို ပြေးလမ်းပေါ်ကို ဆွဲတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေယာဉ်ကို လေယာဉ်ရုံဆီကို ပြန်လည်ဆွဲယူခြင်း၊ ပြေးလမ်းပေါ်က ရွှံနှင့် အညစ်အကြေးတွေကို ဖယ်ရှားရှင်းလင်းတာ၊ ပြေးလမ်းကို ပြန်လည်စစ်ဆေးခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး လေယာဉ်ကွင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပြေးလမ်းကို ယာယီပိတ်ထားခဲ့ရပေမယ့် အတက်လေယာဉ်အားလုံး တက်ခွင့်ပြုထားပြီး အဆင်းလေယာဉ်တွေ ဆင်းခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

ရန်ကုန်လေဆိပ်ကို ဆင်းသက်မယ့် ပြည်တွင်းလေကြောင်းလိုင်းလေယာဉ်တွေက နယ်လေဆိပ်အသီးသီးမှာ စောင့်ဆိုင်းခဲ့ပြီး တတ်နိုင်သမျှ ပြန်လည်ဆင်းသက်နိုင်ဖို့ ယာယီပြေးလမ်းစီစဉ်ခဲ့ရာ ပြည်တွင်းလေကြောင်းလိုင်း လေယာဉ် ၁၂ စီး ဆင်းသက်နိုင်ခဲ့တယ်လို့သိရပါတယ်။


က္က