ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းဖြစ်ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်စဉ် ပြေးလမ်းချော်သွားတဲ့ ဘင်္ဂလားဒေ့ရှ်လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တချို့ ထိခိုက်ဒဏ်ရာရသွားတာကြောင့် မြောက်ဥက္ကလာပဆေးရုံးကြီးမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

Photo - Yangon International Airport



ဘင်္ဂလားဒေ့ရှ်နိုင်ငံ Hazrat Shah Jalal International Airport ကနေ ရန်ကုန်မြို့သို့ ပျံသန်းထွက်ခွာလာတဲ့ ဘင်္ဂလားဒေ့ရှ်လေယာဉ် ခရီးစဉ်အမှတ် BG-060 က ရန်ကုန်လေဆိပ်ကိုအဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ ပြေးလမ်းချော်ပြီး တောင်ပျံကျိုးသွားခဲ့ပါတယ်။

မိုးများရွာသွန်းနေပြီး အရှိန်များသွားတာကြောင့် အခုလို မတော်တဆမှု ဖြစ်ခဲ့ရတာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် သေဆုံးသူမရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ ရမှုတွေတော့ရှိတယ်လို့ လေကြောင်းရဲတပ်ဖွဲ့တာဝန်ရှိသူက Duwun ကို ပြောပါတယ်။ "ထိခိုက်ဒဏ်ရာရသူတေကွကို အနီးဆုံး မြောက်ဥက္ကလာပဆေးရုံကြီးကို တင်ပို့ပြီးကုသပေးထားပါတယ်။ သေဆုံးမှုမရှိပါဘူး"လို့ အဆိုပါ ရဲတပ်ဖွ့ဝန်ရှိသူက ပြောပါတယ်။

Photo - Yangon International Airport

ပြေးလမ်းအမှတ် ၂၁ ကိုဆင်းသက်ရာမှာ ပြေးလမ်းချော်ပြီး လေယာဉ်ဝဲဖက်ခြမ်း ထိခိုုက်ပျက်စီးခဲ့တာကြောင့် လေယာဉ်မှူးအပါအဝင် လိုက်ပါလာသူအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ကြောင့် လေယာဉ်ပြေးလမ်းကို စစ်ဆေးရှင်းလင်းမှုတွေ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပြေးလမ်း ယာယီပိတ်းထားရခဲ့ပေမယ့် မြန်မာစံတော်ချိန် ည ၁၀ နာရီလောက်မှာတော့ ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က