ဒေသန္တရ ကျန်းမာရေးဌာနရဲ့ လွှဲစာလိုအပ်မှာဖြစ်ပါတယ်။

ရန်ကုန်ဆေးရုံကြီးရဲ့ အထူးကုပြင်ပလူနာဌာနတွေနဲ့ အထူးကုဌာနတွေမှာ ဆေးကုသပေးမယ့် အချိန်စာရင်းတွေကို ရန်ကုန်ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့က နေ ထုတ်ပြန်လိုက်ပါတယ်။

ဓါတ်ပုံ-ရန်ကုန်ဆေးရုံကြီး



သာမန်ဆေးကုသမှုခံယူတဲ့လူနာတွေအနေနဲ့ ဒေသန္တရ ကျန်းမာရေးဌာနရဲ့ လွှဲစာလိုအပ်မှာဖြစ်ပြီးတော့ လွှဲစာစနစ်နဲ့ လက်ခံကုသပေးမယ့် အစီအစဉ်ကို ၂၀၁၈ ခုနှစ် ဧပြီလကနေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဦးနှောက်နဲ့ အာရုံကြောဌာနမှာ လူနာသစ်တွေကို အင်္ဂါနဲ့ ကြာသပတေးနေ့မှာ နံနက် ၉ နာရီမှ ၁၂ နာရီအထိလည်းကောင်း၊ ဆေးရုံဆင်းလူနာဟောင်းတွေကို ဗုဒ္ဒဟူးနဲ့ သောကြာနေ့ တွေမှာ မနက် ၉ နာရီကနေ ၁၂ နာရီအထိ ကုသပေးသွားမယ်လို့ သိရပါတယ်။

ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုဌာနမှာတော့ တနလာၤနေ့နဲ့ သောကြာနေ့မှာ နံနက် ၈ နာရီကနေ ၁၂ နာရီအထိနဲ့ အကြောအဆစ်ဌာနမှာ အင်္ဂါနဲ့ ကြာသပတေးနေ့တို့မှာ နံနက် ၈ နာရီကနေ ၁၂ နာရီ အထိ ကုသပေးမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကင်ဆာဆေးသွင်းကုဌာနမှာ တနလာၤ၊အင်္ဂါ၊ဗုဒ္ဒဟူူးနဲ့ သောကြာနေ့တွေမှာ မနက် ၈ နာရီကနေ ၁၂ နာရီအထိနဲ့ မျက်နှာ။မေးရိုး ၊ခံတွင်းပြုပြင်ခွဲစိတ်ပြင်ပဌာနမှာ အင်္ဂါ၊ကြာသပတေးနေ့ နံနက် ၈ နာရီကနေ ၁၂ နာရီအထိ ကုသပေးမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အရေပြားဌာနမှာတော့ တနလာၤနေ့ကနေ သောကြာနေ့အထိ မနက် ၉ နာရီကနေ ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီကနေ ၄ နာရီအထိ တစ်ကြိမ်ကုသပေးမှာဖြစ်ပြီးတော့ အဏုမြူရောင်ခြည်နဲ့ ရောဂါကုသဌာနမှာတော့ တနလာၤနေ့နဲ့ သောကြာနေ့အထိ မနက် ၉ နာရီ ၁၂ နာရီ အထိကုသပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က