ဆေးရုံကြီးရှိ မျက်နှာမေးရိုးဌာန အောက်ထပ်က လျှပ်စစ်ခန်းရှိ ဝါယာကြိုးတွေ အပူလွန်ကဲပြီး မီးလန့်မှုဖြစ်ပွားခဲ့တာပါ။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက် ညနေ ၃ နာရီခွဲလောက်က ဝါယာကြိုးအပူလွန်ကဲပြီး မီးလန့်မှုဖြစ်ပွားခဲ့တယ်လို့ အဆိုပါဆေးရုံကြီးက သတင်းထုတ်ပြန်ပါတယ်။ မီးလန့်မှုကြောင့်ထိခိုက်သူတော့မရှိခဲ့ဘူးလို့ သိရပါတယ်။

Photo : YangonHeritageTrust

ဆေးရုံကြီးရှိ မျက်နှာမေးရိုးဌာန အောက်ထပ်က လျှပ်စစ်ခန်းရှိ ဝါယာကြိုးတွေ အပူလွန်ကဲပြီး မီးလန့်မှုဖြစ်ပွားခဲ့တာပါ။ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက လာရောက်မီးငြှိမ်းသတ်ခဲ့ပြီး Level 1 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရကာ ညနေ ၃ နာရီ ၄၀ မှာ မီးငြိမ်းသွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက



ုတ်ပြန်ထားပါတယ်။

ညနေ ၄ နာရီခွဲမှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လျှပ်စစ်မီးများ ပြန်လည် ပေးနိုင်ခဲ့ပြီး ပုံမှန်အခြေအနေအတိုင်း ပြန်လည် လည်ပတ်နေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လတုန်းကလည်း ရန်ကုန်ဆေးရုံကြီး ကင်ဆာဆောင်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုဟာ အဲဒီတုန်းကတော့ Level - 2 အထိရောက်ခဲ့ပြီး လူနာတွေကို အပြင်ကယ်ထုတ်ခဲ့ကြရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က